ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဟိုနားရွာက သုံးနှစ်အရွယ် ကလေးတဦးကို ကလေးအထူးကုဆရာဝန်ရဲ့ ဆေးမှတ်ချက်အရ COVID-19 ပဉ္စမမြောက် သံသယလူနာအဖြစ် ဧပြီ ၂၅ ရက် မနက်က မိုင်းဆတ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေပါတယ်။
“ကလေးအခြေအနေက ဖျားတယ်။ ချောင်းဆိုး၊ လည်ပင်းနာပြီး အဆုတ်တဖက်က ခဲနေ သလိုဖြစ်နေတာ။ ကလေးအထူးကုဆရာဝန်က စစ်ဆေးတွေ့ရှိတာကြောင့် သံသယလူနာ သတ်မှတ်ပြီး ဆေးရုံတင် ကုသနေပါတယ်” လို့ မိုင်းဆတ်ပြည်သူ့ဆေးရုံက ဒေါက်တာသန်းဝင်းက ပြောပါတယ်။
ကလေးငယ်ကို ပဉ္စမမြောက် သံသယလူနာအဖြစ် နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ ယူထားပါတယ်။
လတ်တလော မိုင်းဆတ်က အခြေခံပညာအထက်တန်းကျောင်းခွဲမှာ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားသူ ၃ ဦးရဲ့ တို့ဖတ်နမူနာတွေနဲ့အတူ ကျိုင်းတုံကနေတဆင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန NHL ကို ဧပြီ ၂၅ ရက်နေ့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
Source - DVB
<zawgyi>
မိုင်းဆတ်ဆေးရုံတွင် သုံးနှစ်အရွယ် ကလေး ၁ ဦးကို Covid-19 သံသယလူနာအဖြစ် စောင့်ကြည့်ကုသ
Saturday, April 25, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဟိုနားရွာက သုံးနှစ်အရွယ် ကလေးတဦးကို ကလေးအထူးကုဆရာဝန်ရဲ့ ဆေးမှတ်ချက်အရ COVID-19 ပ ဉ္စမမြောက် သံသယလူနာအဖြစ် ဧပြီ ၂၅ ရက် မနက်က မိုင်းဆတ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေပါတယ်။
“ကလေးအခြေအနေက ဖျားတယ်။ ချောင်းဆိုး၊ လည်ပင်းနာပြီး အဆုတ်တဖက်က ခဲနေ သလိုဖြစ်နေတာ။ ကလေးအထူးကုဆရာဝန်က စစ်ဆေးတွေ့ရှိတာကြောင့် သံသယလူနာ သတ်မှတ်ပြီး ဆေးရုံတင် ကုသနေပါတယ်” လို့ မိုင်းဆတ်ပြည်သူ့ဆေးရုံက ဒေါက်တာသန်းဝင်းက ပြောပါတယ်။
ကလေးငယ်ကို ပ ဉ္စမမြောက် သံသယလူနာအဖြစ် နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ ယူထားပါတယ်။
လတ်တလော မိုင်းဆတ်က အခြေခံပညာအထက်တန်းကျောင်းခွဲမှာ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားသူ ၃ ဦးရဲ့ တို့ဖတ်နမူနာတွေနဲ့အတူ ကျိုင်းတုံကနေတဆင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန NHL ကို ဧပြီ ၂၅ ရက်နေ့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
Source - DVB
0 comments:
Post a Comment