မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအော်ပရေတာများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် Mytel သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွက်ဖျင်ထီးများ လှူဒါန်းခြင်းဖြင့် COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအစီအစဉ်အား ဆက်လက်လုပ်ဆောင်လျက် ရှိပြီး ယခုကဲ့သို့ Covid-19 ကြောင့် social distance ပြုလုပ်နေရချိန်တွင် မြန်မာပြည်သူအများအပြား၏ စိတ်ဝင်စားမှုများကို ရရှိခဲ့သည်။ Mytel မှ ယခုအစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြား ဒေသများတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Mytel မှ မြန်မာနိုင်ငံ၏ အခြားဒေသများအတွက် လိုအပ်သောအထောက်အကူ ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ လက်ဆေးရည်များ နှင့် Wifi Router စက်များကို ထောက်ပံ့ကူညီပေးခဲ့သည်။
ယခုကဲ့သို့ တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုအစီအစဉ်အား ဧပြီလ၊ ၂၀၂၀ပြည့်နှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သည်။ Mytel သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ရှိသော ယာယီဈေးများသာမက ရှမ်းပြည်နယ်တောင်ပိုင်း ကလော နှင့် အောင်ပန်းဈေးများတွင် ထီးများလှူဒါန်းကာ မြို့နယ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ နှင့် အတူတကွ ပူးပေါင်း၍ ယာယီဈေးရှိ ဈေးသည်များ လိုအပ်သော ရွက်ဖျင်ထီးများကို လှူဒါန်းပေးခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့ရှိ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ဒစ်ဂျစ်တယ်သာမိုမီတာများ၊ Quarantine Center များတွင် လိုအပ်သော အခြားအထောက်အကူပစ္စည်းများအားလည်း လှူဒါန်းခဲ့သည်။
ထို့အပြင် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ရှိ ပန်းတနော်မြို့တွင်လည်း ဈေးထဲရှိ ဈေးသည်များ၊ ဈေးဝယ်သူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် တစ်ဦးနှင့်တစ်ဦး Social Distancing ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရွက်ဖျင်ထီးများလှူဒါန်းခဲ့ပြီး အခြားဒေသများတွင်လည်း နွေးထွေးသောအစီအစဉ်များဖြင့် ကူညီခဲ့သည်။
Crd :Mytel Myanmar #Myanmar_Online_News
>>Zawgyi<<
COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်လာတဲ့ MyTelအော်ပရေတာ
Friday, April 24, 2020

0 comments:
Post a Comment