Thursday, April 23, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အပူချိန်တိုင်းတာနိုင်သည့် ကင်မရာများအား တပ်မတော်သို့ လာရောက်လှူဒါန်း

Image may contain: one or more people and people standing

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အလှူရှင်များက ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ဧပြီလ(၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ China Electronics Technology Group Corporation (CETC) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက COVID-19 ရောဂါကာကွယ်ရာတွင် အသုံးပြုရန်အတွက် ကင်မရာရိုက်ကူးစဉ် ကင်မရာအရှေ့မှ ဖြတ်သွားသောလူ၏ အပူချိန်ကို (၅)မီတာအကွာအဝေး အတွင်း တိုင်းတာနိုင်သည့် Thermal & Optical Network Bullet Camera (၃)လုံး၊ (၁ ဒသမ ၅)မီတာ အကွာအဝေးအတွင်း တိုင်းတာနိုင်သည့် Handheld Thermography Camera (၂)လုံးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် အဆိုပါခန်းမ၌ ကင်မရာများကို တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ အလှူရှင်များက တပ်ဆင်စမ်းသပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အပူချိန်တိုင်းတာနိုင်သည့် ကင်မရာများအား တပ်မတော်သို့ လာရောက်လှူဒါန်း
Friday, April 24, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အလှူရှင်များက ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း ကို ဧပြီလ(၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ China Electronics Technology Group Corporation (CETC) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက COVID-19 ရောဂါကာကွယ်ရာတွင် အသုံးပြုရန်အတွက် ကင်မရာရိုက်ကူးစဉ် ကင်မရာအရှေ့မှ ဖြတ်သွားသောလူ၏ အပူချိန်ကို (၅)မီတာအကွာအဝေး အတွင်း တိုင်းတာနိုင်သည့် Thermal & Optical Network Bullet Camera (၃)လုံး၊ (၁ ဒသမ ၅)မီတာ အကွာအဝေးအတွင်း တိုင်းတာနိုင်သည့် Handheld Thermography Camera (၂)လုံးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် အဆိုပါခန်းမ၌ ကင်မရာများကို တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ အလှူရှင်များက တပ်ဆင်စမ်းသပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment