COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေရန် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် နိုင်ငံများစာရင်း၌ နောက်ထပ် ၁၀ နိုင်ငံကျော် ထပ်တိုးရန် စီစဉ်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မူလက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် နိုင်ငံပေါင်း ၇၃ နိုင်ငံထဲသို့ ရုရှား၊ ဘီလာရုစ်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံများနှင့် အခြားနိုင်ငံများကို ထပ်မံထည့်သွင်းရန် ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။ ထို့အပြင် ဂျပန်နိုင်ငံသို့ မရောက်မီ ၁၄ ရက်အတွင်း အဆိုပါနိုင်ငံများသို့ ရောက်ရှိခဲ့သည့် ပြည်ပနိုင်ငံသားများကိုပါ ပြည်ဝင် ခွင့်ပိတ်ပင်ရန် အစိုးရက စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံသားများအနေဖြင့် အဆိုပါနိုင်ငံများသို့ သွားရောက်ခြင်း မပြုရန် အကြံပြုထားသည်။
ဂျပန်နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ အရေအတွက်မှာ ဧပြီ ၂၃ ရက်တွင် ၁၂၀၂၃ ဦးအထိ တိုးပွားလာခဲ့ကြောင်း သိရသည်။ ရောဂါကူးစက်ခံရသူများထဲတွင် လေဆိပ်၌ အသွားအလာကန့်သတ်မှုဆောင်ရွက်ရာ ဌာနများရှိ ဗိုင်းရပ်စ် စစ်ဆေးရေးဆောင်ရွက်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများ၊ အသွားအလာကန့်သတ်စောင့်ကြည့် မှုဆောင်ရွက်နေသည့် အရာရှိများနှင့် အစိုးရလမ်းကြောင်းသွားရောက်သည့် လေယာဉ်များဖြင့် တရုတ်နိုင်ငံမှ ဂျပန်သို့ ပြန်ရောက်လာသူများ ပါဝင်နေကြောင်းသိရသည်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်မှာလည်း ယခုအခါ ၃၁၂ ဦးအထိရှိလာပြီး ၁၃ ဦးမှာ ဒိုင်းမွန်းပရင့်ဆက် အပျော်စီးသင်္ဘောပေါ်မှဖြစ်ကြောင်း သိရသည်။
Ref : အင်န်အိတ်ချ်ကေ
>>Zawgyi<<
COVID-19 ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်သည့် နိုင်ငံများစာရင်း ထပ်တိုး
Friday, April 24, 2020

0 comments:
Post a Comment