Coronavirus Disease 2019 (Covid-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။
ဧပြီလ(၂၃)ရက်နေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်းသို့ နယ်စပ်ဒေသမြို့ဖြစ်သည့် လောက်ကိုင်မြို့၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုမြို့တို့မှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ၁၀ ဦးနှင့် အမျိုး သမီး ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ နယ်စပ်ဒေသမြို့များဖြစ်သည့် လားရှိုးမြို့နှင့် မူဆယ်မြို့တို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၃ ဦး ထပ်မံ ရောက်ရှိလာကြောင်း သိရှိရသည်။
ထို့ပြင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် (Covid-19) ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ် ကြည့်ရှုထားသူ ၆ ဦးကို ဧပြီလ(၂၃)ရက်နေ့တွင် တပ်မတော်ကထောက်ပံ့ပေးသည့် စားသောက် ဖွယ်ရာများ၊ ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက် ပြည့်ပြီးကြောင်း လက်မှတ်များနှင့် (Covid-19) ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင် ပေးခဲ့သည်။
ဧပြီလ(၂၃)ရက်နေ့ ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၅၀၃ ဦးနှင့်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းတွင် စုစုပေါင်းပြည်သူ ၉၄ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် စောင့်ကြည့်သူများလက်ခံ နေမှုအခြေအနေများ၊ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေ အနေများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
<zawgyi>
Covid-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ
Friday, April 24, 2020

0 comments:
Post a Comment