Thursday, April 12, 2018

ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ့်ဒေသများမှ ရွေးကော်အဖွဲ့ ခွဲများကို သင်တန်းပေးမယ်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး၊ခရိုင်၊ ပြည်နယ်တို့ မှ အသစ်ပြန်လည်ရွေးချယ်ဖွဲ့ စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့  ခွဲများမှ ဥက္ကဌများကို ရွေးကောက်ပွဲဆိုင်ရာသင်တန်း၂ ရက်တာဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။


အဲဒီသင်တန်းမှာ တက်ရောက်ပြီးတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများမှ ဥက္ကဌများဟာ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သွားမယ့်နေရာများအပါအ၀င် မိမိတို့ရဲ့သက်ဆိုင်ရာဒေသများမှာ ဆင့်ပွားသင်တန်းပြန်ပေးရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှပြောရေးဆိုခွင့်ဖြစ်သူ ဦးမြင့်နိုင်ကပြောပါတယ်။

တိုင်းဒေသကြီး၊ ခရိုင်၊ ပြည်နယ်၊ မြို့ နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့  ခွဲများမှ ဥက္ကဌများ၊ အဖွဲ့  ၀င်များ ၁၅၀ ဦီးရေကို သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

''အဓိက ကတော့ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ ဒေသတွေမှာ ဆင့်ပွားသင်တန်းပြန်ပေးရမှာပေါ့။ သူတို့ကို သင်တန်းဆင်းလက်မှတ်တွေလည်း ပေးတယ် ။ ရွေးကောက်ပွဲနဲ့ ဆိုင်တာတွေကိုလည်း သေချာသင်တန်းပေးခဲ့တယ်။ အခု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွေက အသစ်တွေများတယ် ။ ထပ်ပြီးလိုအပ်လာရင်လည်း သင်တန်းတွေပေးသွားဦးမှာပါ'' လို့ သူကပြောပါတယ်။

၂ ရက်တာဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့  တို့ က နေပြည်တော်ရှိ Grand Amara ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆင့်မြင့်အရာရှိများက သင်တန်းပို့ ချပေးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကော်မရှင်အဖွဲ့ ခွဲများရဲ့လုပ်ငန်းလမ်းညွှန်များ၊ မဲစာရင်းပြုစုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ခြင်း ၊ မဲဆန္ဒရှင်အသိပညာပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်များစတာတွေကိုသင်ကြားပို့ ချပေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၊ တမူးမဲဆန္ဒနယ် အမှတ် (၂) ၊ မင်းဘူးမဲန္ဒနယ်အမှတ် (၂) ၊ကန်ပက်လက်မဲဆန္ဒနယ်နဲ့ လဲချားမဲဆန္ဒနယ်တို့ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ဖြိုးထက်အောင်
Popular News Journal

0 comments:

Post a Comment