Wednesday, April 11, 2018

ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာအသင်းတွေကို ကျောင်းတွေရဲ့ ပညာရေးအဖွဲ့ ၊ စီမံခန့်ခွဲရေးအဖွဲ့ တွေထဲ ထည့်သွင်းတာဝန်ပေးတော့မယ်


ရွေးကောက်ခံစနစ်​နဲ့ ဖွဲ့စည်းထားတဲ့ ​ကျောင်းသားသမဂ္ဂ​တွေနဲ့ ဆရာအသင်း/အဖွဲ့ချုပ်​​တွေကို ​ကျောင်းရဲ့ပညာရေးအဖွဲ့ ၊ စီမံခန့်ခွဲရေးအဖွဲ့ တွေထဲကို ထည့်သွင်းဖွဲ့စည်းပေးမှာ ဖြစ်သလို အစည်းအဝေးတွေကိုပါ တက်ရောက်ဆွေးနွေးဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၁၈ခုနှစ် ဧပြီလ ၇ ရက်နေ့ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းသိန်း က လက်မှတ်ရေးထိုးပြီး ခွင့်ပြုပေးလိုက်တာပါ။

အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်မှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ကျောင်းသားသမဂ္ဂ၊ ဆရာအသင်း/အဖွဲ့ချုပ်တွေကို ရွေးကောက်ခံစနစ်နဲ့ဖွဲ့စည်းပြီးသွားရင် အဲဒီအဖွဲ့ထဲက ကိုယ်စားလှယ် ၂ ဦးစီကို အဆင့်မြင့်ပညာရေးဦးစီးဌာနက ကျောင်းရဲ့ ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့ တွေမှာ ထည့်သွင်းတာဝန်ပေးတော့မှာပါ။

အခုလို ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ/အဖွဲ့ချုပ်တွေကို ပထမဦးဆုံးအနေနဲ့ သက်ဆိုင်ရာကျောင်းရဲ့အဖွဲ့အစည်းမှာ ပါဝင်ခွင့် နေရာပေးလာတာနဲ့ပတ်သက်လို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်​အတွင်း​ရေးမှူး ဦး​ကျော်​မင်းခန့်​ (KMK Bio) က ပညာ​ရေးဝန်​ကြီးဌာနအ​နေနဲ့ ပွင့်​လင်းမြင်​သာ​တဲ့လုပ်​ရပ်​ကိုလုပ်​​ဆောင်​ခြင်းဖြစ်တာကြောင့် ပညာ​ရေးဘတ်​ဂျက်​တွေယို​ပေါက်​မရှိ​အောင်​ လုပ်​​ဆောင်နိုင်လိမ့်မယ်လို့ သူ့အမြင်ကို ပြောတယ်​။

"အခုလိုမျိုးအစည်းအ​ဝေးတက်​ရ​တော့ ဘတ်​ဂျက်​နဲ့ပတ်​သက်​ပြီး မသမာမှု​တွေမလုပ်​​ဆောင်​နိုင်​​အောင်လို့ထင်တယ်။ပိုပြီး​တော့သမာသမတ်​ရှိလာတာ​ပေါ့။ကြိုဆိုပါတယ်​"လို့ သူကဆိုပါတယ်။

အလားတူ ရန်​ကုန်​တက္က​ကျောင်းသားများသမဂ္ဂအဖွဲ့မှ စိမံကိန်း​ကော်​မတီတာဝန်​ခံ ​ကိုဝင်းလွင်​​အောင်​က ထုတ်​ပြန်​ချက်​အ​ပေါ်ကြိုဆို​ကြောင်းနဲ့ စီမံချက်​ကာလသာမက နောင်အနာဂတ်​မှာပါပူး​ပေါင်း​ဆောင်​ရွက်​ခွင့်​ပြု​စေလို​ကြောင်းပြောပါတယ်။

"ကျွန်​​တော်​တို့အ​နေနဲ့ စီမံချက်​မို့လို့ဆိုပြီး တစ်​ခဏပဲမလိုချင်​ဘူး။ရေရှည်​အတွက်​ဆိုပို​ကောင်းတယ်​။ပညာ​ရေးဝန်​ကြီးဌာနလက်​​အောက်​ကမဟုတ်​တဲ့ တစ်​ခြားတက္ကသိုလ်​​တွေမှာလဲ အခုလိုသတ်​မှတ်​​စေချင်​တယ်​"လို့ သူက​ပြောပါတယ်​။

သီဟ
Popular News Journal


0 comments:

Post a Comment