Sunday, April 15, 2018

နေပြည်တော်တွင် အရက်သောက်စကားများရာမှ တုတ်ဖြင့်ရိုတ်သတ်ပြီး အလောင်းဖျောက်



ဧပြီ ၁၄ ရက် ညနေ ၄ နာရီကျော် လောက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အစပ် ဒက္ခိဏခရိုင် တရားရုံးအနီး ငလိုက်ချောင်းတံတားအောက်ဘက် ပေ ၂၀၀ ခန့်အကွာ သောင်ပြင်တွင် အပုပ်နံ့များရရှိကြောင်း သတင်းဖြစ်ပေါ်ခဲ့ပြီးနောက် ပတ္တာရဲစခန်းမှ တပ်ဖွဲ့ဝင်များ ကသက်သေများဖြင့် သွား ရောက်စစ်ဆေးရာ မြေမြှုပ်ထားသော လူသေလောင်းတွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ကျော်ထူး ၄၀ နှစ် (ဘ) ဦးတင်ငွေ၊ အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၁) ဇမ္ဗူသီရိမြို့နယ်နေသူဖြစ်ကြောင်း နေအိမ်သို့ ထမင်းစား ပြန်မလာသည်မှာ နှစ်ရက်ခန့်ရှိကြောင်း ဆက်လက်စုံစမ်းရာတွင် လွန်ခဲ့သော နှစ်ရက်ခန့်က ကျော်ထူးသည် တရပ်ကွက်တည်းနေ ကိုသက်၊ နေမျိုးထွန်းတို့နှင့် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာ တံတားအောက်အနီးရှိ ဦးမောင်ခိုင်၏တဲတွင် အရက်သောက်စားရင်း စကားများရန်ဖြစ်ကြောင်း၊ ကိုသက်နှင့် နေမျိုးထွန်းတို့မှ တုတ်ဖြင့်ရိုက်ခဲ့ရာ ကျော်ထူးသေဆုံးသွားပြီး အလောင်းအား မြေမြုပ်ထားကြောင်းသိရသည်။

ယင်းအမှုနှင့်ပါတ်သတ်၍ ကျော်ထူး၏ အစ်မ၀မ်းကွဲ ဒေါ်ခင်မာဌေးမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းသို့တိုင်ကြား လာသည့်အတွက် တရားခံနှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပဲခူးဘူတာတွင် တရားခံနှစ်ဦးအား ဖမ်းဆီးရမိပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။




ထွန်း(နေပြည်တော်)
News Watch 

0 comments:

Post a Comment