Sunday, April 15, 2018

အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယား သိပ္ပံစင်တာများ ပျက်စီး


ဆီးရီးယားနိုင်ငံ ဒါမာစကတ်မြို့၊ ဘာဇာမြို့နယ်မှာရှိတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာစင်တာရဲ့ အဆောက်အဦတွေဟာ ဧပြီ ၁၄ ရက်နေ့က အမေရိကန်၊ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ပူးပေါင်းလေကြောင်း တိုက်ခိုက်မှုကြောင့် အတော်လေးပျက်စီးခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ်တပ်ဖွဲ့ဟာ ဆီးရီးယားက ဓာတုလက်နက် စက်ရုံလို့ ယူဆတဲ့နေရာတွေကို ဒုံးကျည် ၁၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အဦတွေက အချိန်အတော်ကြာ မီးခိုးတွေ ထွက်နေခဲ့ပါတယ်။ တချို့ အဆောက်အဦတွေကတော့ လုံးဝပျက်စီးခဲ့ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုဟာ အနောက်အုပ်စုနဲ့ ဆီးရီးယားရဲ့ အင်အားကြီး  မဟာမိတ် ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုအရှိန်ကို မြင့်တက်စေခဲ့ပေမယ့် မဟာမိတ်တွေရဲ့ စစ်ပွဲမျိုး ဖြစ်လာနိုင်ချေ မရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment