Tuesday, April 10, 2018

ဆေးရုံတွင် ဆေးမရသည်မရှိဘဲ ပိုလွန်း၍ သက်တမ်းလွန်ဆေးဝါးများပင် ဖြစ်သွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ပြော


ဆေးရုံ တွင် ဆေးမရဘူးဆိုတာ မရှိဘဲ ဆေးများလွန်း၍ သက်တမ်းလွန်ဆေးဝါးများပင် ဖြစ်ကုန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဧပြီ ၁၀ ရက် က မြောင်းမြတွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (Peace Talk) ၌ ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်သည် ကျန်းမာရေးနှင့်ပတ်သက်၍ ဒေသခံတစ်ဦးမှ စကားဝိုင်းတွင် ပြောကြားချက်အပေါ် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုဝန်ကြီးအား ဖြေကြားပေးရန်ေ ပြာကြားခဲ့ရာမှ၎င်အတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

’’ဆေးမရဘူးဆိုတာ မရှိပါဘူး။ ဆေးကများလွန်းလို့ သက်တမ်းလွန် ဖြစ်သွားတာတောင်ရှိပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကလည်း ကျန်းမာရေးဗဟုသုတရှိဖို့လိုပါတယ်။ မကြာခင် မှာ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်း သုံးသောင်းကျော်က ဆေးလိပ် အရက်သောက်ရင် ဘယ်လိုဖြစ်မယ်။ ကင်ဆာဖြစ်စေမယ်။ ပုံတွေနဲ့ ပညာပေးပါမယ်။ ပြပါမယ်။ လျှာကင်ဆာ၊ သွားဖုံးကင်ဆာ ဆိုတာ ဒီလိုမျိုးဆိုတာကိုလည်း ပညာပေးသွား ဆောင်ရွက်သွားမှာ ပါ’’ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

အဆိုပါ ဆေးရုံတွင် ဆေးများ များလွန်း၍ သက်တမ်းလွန်သည်ဟု ပြောသော ပြည်ထောင်စုဝန်ကြီးစကားနှင့် ဒေသခံပြောသော စကား ကွာဟနေမှုအပေါ် စဉ်းစားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်အစိုးရ လွဲ၍ မရကြောင်း ၄င်း ကျန်းမာရေးအသုံးစရိတ်များသည်လည်း ကောင်းကင်းမှ ကျလာသည်မဟုတ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။


မင်းသီဟန် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment