Sunday, April 15, 2018

ချင်းတွင်းသင်္ကြန် ရေမကူးရကန့်သတ်နယ်မြေမှ အမျိုးသားအလောင်းတွေ့


မုံရွာမြို့သင်္ကြန်ပွဲတော်ကျင်းပရာ သောင်ခုံဇက်ဆိပ်တွင် ရေမကူးရကန့်သတ်ထားသည့်နေရာမှ အမျိုးသားတစ်ဦးအလောင်းကို ယနေ့(ဧပြီလ ၁၅ ရက်) မွန်းတည့် ၁၂ နာရီခန့်က တွေ့ရှိခဲ့သဖြင့် မုံရွာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မြို့မစခန်းထံမှ သိရသည်။

အဆိုပါအမျိုးသားအလောင်းသည် ဇက်ဆိပ်ညာဘက်ခြမ်း ချင်းတွင်းမြစ် ရေတိမ်ပိုင်းတွင်ပေါ်နေကြောင်း ရေကစားနေသူများက လာရောက်သတင်းပေး၍ ဆယ်ယူရရှိခြင်းဖြစ်ကာ အသက် ၃၅ ဝန်းကျင်ရှိ အမျိုးသားဖြစ်ကြောင်း၊ လတ်တလော အလောင်းပိုင်ရှင် မပေါ်သေးကြောင်း မုံရွာမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဇော်က ပြောကြားသည်။ 

"စက်လှေတွေထွက်တဲ့နေရာမှာ ဘက်ဟိုးကုတ်လို့ ကျင်းဖြစ်နေတယ်။ အန္တရာယ်ရှိလို့ ရေမကူးရ ကန့်သတ်ဇုန်လို့ စာရေးထားပါတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါဇက်ဆိပ်မှာ ချင်းတွင်းသင်္ကြန်ကျင်းပချိန်ဖြစ်၍ ပိတ်ထားသော်လည်း သကြန်လည်ပတ်သူများ အဆမတန် များပြား၍ သတ်မှတ်ထားသောနေရာတွင် ရေကစားခြင်းအပြင် ကန့်သတ်ထားသည့်နေရာများတွင်ပါ ရေကစားသူများရှိနေကြောင်း ရေကစားသူများသည် အရက်သေစာသောက်စားထားသည့်အတွက်ကြောင့်လည်း စည်းကမ်းလိုက်နာခြင်း မရှိဘဲ ရေဆင်းကူးကြခြင်းဖြစ်ကြောင်း မြို့ခံဦးအောင်နေမျိုးက ပြောကြားသည်။

The Voice

0 comments:

Post a Comment