Saturday, April 21, 2018

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း နှစ်ခု ယခုလအတွင်း အပြီးပိတ်သိမ်းမည်


ရခိုင်ပြည်နယ် မြေပုံနှင့် ကျောက်တော်မြို့နယ် ရှိ ဒုက္ခသည်စခန်း (IDPs Camp)နှစ်ခုကို ယခုလအတွင်း အပြီးပိတ်သိမ်းမည်ဖြစ်ပြီး မိသားစု ၅၀၀ ခန့် နေထိုင်နိုင်သည့် လုံးချင်းအိမ် ၅၀ဆောက်လုပ်ပြီးဖြစ်ကြောင်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

မြေပုံစခန်းတွင် ဒုက္ခသည် မိသားစု ၆၄၂ စုရှိပြီး ၎င်းတို့အ တွက် လုံးချင်းအိမ် ၅၀ ဆောက် လုပ်ပေးခဲ့သည်။

ဧပြီ ၂၀ ရက်က နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၌ ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လေးကြိမ်မြောက် အစည်းအဝေး မစတင်မီ မီဒီယာများ၏ မေးမြန်း မှုကို ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဒုက္ခ သည်စခန်း ၁၉ ခုရှိသည့်အနက် ငါးခုကို ပိတ်သိမ်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

‘‘အခုလတ်တလောဆိုရင် မြေပုံ IDP စခန်းဆိုရင် ကျွန်တော် တို့အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ပြောင်းရွှေ့ပြီးတင် ရုံလောက်အ ထိကို ကျွန်တော်တို့လုပ်လို့ရနေ ပြီ။ နောက်ပြီး ကျောက်တော်မှာ ရှိတဲ့ နိဒင်စခန်းကိုလည်း မြေကြီး တွေဘာတွေဝယ်ပြီးတော့ အ ကွက်တွေလည်း ရိုက်ထားပြီးပါ ပြီ။ ဒါလည်းပဲ မကြာခင်ပြောင်း ရွှေ့သွားဖို့ပါ။ မြေပုံတို့၊ ကျောက်တော်မြို့နယ် နိဒင်တို့က ဒီအတောအတွင်းမှာကို ပြီးသွားနိုင်တဲ့ အနေအထားရှိပါတယ်’’ဟု ၎င်းကဆို သည်။

ကိုဖီအာနန်ကော်မရှင်၏ အ ကြံပြုချက်တစ်ခုဖြစ်သော ဒုက္ခသည်စခန်းများ အမြန်ဆုံး ပိတ်သိမ်းရေးနှင့်ပတ်သက်၍ ပြည် နယ်အစိုးရနှင့် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်နေပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေး တစ်ဆက်တည်းစီစဉ်နေသည် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ဇွန်လနှင့် အောက်တိုဘာအတွင်း စတင်ဖြစ်ပွားသည့် ပဋိပက္ခများ ကြောင့် ဒုက္ခသည်စခန်းများ၌ လူတစ်သိန်းထက်မနည်း နေ ထိုင်နေရပြီး ၂၀၁၆ ကစ၍ စစ်တွေ နှင့် ကျောက်ဖြူမှအပ ကျန်မြို့ နယ်အလိုက် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများ ဖျက်သိမ်း ကာ ပြောင်းရွှေ့ပေးခဲ့သည်။ 

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက် တိမ်းရှောင်သူများနှင့်ပတ် သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ‘‘ပြန်လည်လက်ခံရေးအတွက် ကျွန်တော်တို့ဘက်က  အဆင်သင့်ဖြစ် တယ်ဆိုတာကိုလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်တဲ့နေရာမှာ ပြန်လည်လက်ခံရေး စခန်းအဆင်သင့်ဖြစ်တယ်။ ခေတ္တနေမယ့် ကြားစခန်းလေးမှာ လည်း အခုနေလို့ရပြီ။ နောက်ပြီးတော့ ပြန်လည် နေရာချထားဖို့အ တွက်လည်း နေရာအသီးသီး ရည်ရွယ် သတ်မှတ်ထားတာတွေ ရှိတဲ့အပြင်ကို ရရှိပြီးသား စာရင်းအရကိုပဲ ပြန်ဝင်လာနိုင်မယ့် သူအများစုရှိမယ့် နေရာတွေမှာလည်း စတင်ပြီးတော့ အိမ်ရာတွေ အကောင်အထည်ဖော်ဖို့နဲ့ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်စသဖြင့် ဒါတွေကို အကောင်အထည်ဖော် ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သော ပဋိပက္ခများနှင့်ပတ် သက်၍ ဆောင်ရွက်ရန် ကိုဖီအာနန်ကော်မရှင်က  အကြံပြုထား သည့် အချက် ၈၈ ချက်ကို အစိုး ရထံတင်ပြပြီး  ယင်းအချက်များ အနက် ၅၇ ချက် ဆောင်ရွက်နိုင်ခဲ့သည်ဟု  ဒေါက်တာဝင်းမြတ် အေးက ဆိုသည်။

‘‘ဆောင်ရွက်နိုင်တယ်ဆို တာ တချို့လည်း ဆောင်ရွက်လို့ ပြီးပြတ်သွားတာ ရှိတယ်။ တချို့ လည်း ဆောင်ရွက်နေဆဲပေါ့။ နောက်ထပ်ကျန်တဲ့ ၃၁ ချက်အ နက်မှာ ဘယ်လိုအချက်တွေကို ဆက်လက် အကောင်အထည် ဖော်နိုင်မလဲဆိုတာ အစည်းအ ဝေးတွေမှာ ကိုယ့်ရဲ့ သက်ဆိုင် ရာကဏ္ဍအလိုက် တာဝန်ရှိတဲ့သူ များက အကြံပြုဆွေးနွေးဖို့ တိုက် တွန်းချင်ပါတယ်’’ဟု ပြည်ထောင် စုဝန်ကြီးက ဆက်လက်ပြောကြား သည်။

ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်  ပြည်ထောင်စုဝန်ကြီးအဆင့်ဦးဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီကို  ဖွဲ့ စည်းဆောင်ရွက်ခဲ့သည်။

ယင်းကော်မတီမှ ရခိုင်ပြည် နယ်အတွင်း ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ပြည်သူသို့အစီရင် ခံစာအဖြစ် လေးလလျှင်တစ်ကြိမ် တင်သွင်းရမည်ဖြစ်ပြီး လက်ရှိ တွင် ၂၀၁၇ ဒီဇင်ဘာလကုန်ထိ သာ နောက်ဆုံးတင်သွင်းထား သည်။

‘‘အခု ဇန်န၀ါရီကနေပြီး တော့ ဧပြီလကုန်ဆိုရင် ဒုတိယအကြိမ် ပြည်သူသို့  အစီရင်ခံ စာတင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အတွက် ပုံစံတကျ၊ စနစ်တကျ ပေးပို့ပေးဖို့ ကြိုးစားပေးပါလို့ ပြောချင်ပါတယ်’’ ဟု ပြည်ထောင် စုဝန်ကြီးက ဆက်လက်ပြောကြား သည်။

7Day News Journal

0 comments:

Post a Comment