Saturday, April 21, 2018

NVC ကတ်ကိုင်သူများ အချက်အလက်ပြည့်စုံပါက ငါးလအတွင်း နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးပြော


နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူများက အချက်အလက် ပြည့်စုံစွာဖြင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထား လာပါက ငါးလအတွင်း နိုင်ငံသား ဖြစ်ခွင့် သေချာပေါက်ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။

နေပြည်တော်ရှိ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန၌ ဧပြီ ၂၀ ရက်က ပြုလုပ် သော ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လေးကြိမ်မြောက် အစည်းအဝေး၌ အမှာစကားပြော ကြားရာတွင် ဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

‘‘ဒီကတ် ကိုင်ဆောင်ခြင်း ဟာ နိုင်ငံသားဖြစ်မှု လမ်းစဉ်ကို အစပြုတာဖြစ်တယ်။ နိုင်ငံသား ဖြစ်မှုမှာ ဥပဒေနဲ့အညီ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူတွေ ဖြစ်ရ မယ်ဆိုတဲ့ကိစ္စကို ရှင်းရှင်းလင်း လင်း သိဖို့လိုပါတယ်’’ဟု ဝန်ကြီး က ပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာမည့်သူများကို ၎င်းတို့ နေထိုင်ခဲ့စဉ်က လုပ်ပိုင်ခွင့်များအ တိုင်း လုပ်ပိုင်ခွင့်ပြုမည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ သည်။

‘‘ပြန်လာတဲ့သူများသည် သူ တို့ရဲ့ မူလပိုင်ဆိုင်မှုများဆိုတဲ့နေ ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ငါးဖမ်းခွင့် စသဖြင့် မူလလုပ်ခဲ့တဲ့ ပုံစံတွေဟာလည်း ဥပဒေနဲ့အညီ ပြန်လည်ရရှိမှာဖြစ်ပါတယ်။ အဲဒီ လို အကုန်ရရှိဖို့အတွက်ကတော့ သူတို့လွဲမှားစွာယူဆနေတဲ့ NVC ကတ်အကြောင်းကို သိဖို့ပဲဖြစ်ပါ တယ်’’ဟု ဒေါက်တာဝင်းမြတ် အေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၉၉၃ က ထုတ်ပေးထားသော ယာယီ သက်သေခံလက်မှတ် (ဝှိုက် ကတ်)များသည် ၂၀၁၅ မေလ ၃၁ ရက်က သက်တမ်းကုန်ဆုံးခဲ့ ၍ အဆိုပါဒေသတွင်း နေထိုင်သူ များကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆဲကာလအတွင်း နိုင်ငံတွင်း နေထိုင်သူအဖြစ် အသိ အမှတ်ပြုနိုင်ရန် ရည်ရွယ်ချက် ဖြင့် NVC ကတ်များကို ၂၀၁၅ ဇွန်လ ၁ ရက်ကစ၍ ထုတ်ပေးခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံလက် မှတ်ပြန်လည်အပ်နှံသူဦးရေ လေး သိန်းခန့်အနက် ၆,၀၀၀ ကျော်ကို NVC ကတ်ပြားများ ထုတ်ပေးပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ယာယီသက်သေ ခံလက်မှတ် ကိုင်ဆောင်သူဦးရေ ခုနစ်သိန်းကျော်အနက် သတ်မှတ် ရက်အတွင်း ပြန်လည်အပ်နှံသူ ငါးသိန်းခန့်ရှိကြောင်း အတိုင်ပင် ခံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

7Day News Journal



0 comments:

Post a Comment