Wednesday, April 11, 2018

အင်ဒိုနီးရှားတွင် အားပြင်းအရက်ကြောင့် ၈၂ ဦး သေဆုံး


အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင်ရောင်းချတဲ့ အားပြင်းအရက် သောက်မိတာကြောင့် ဧပြီ ၁၁ ရက်နေ့က အနည်းဆုံး လူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဂျကာတာက ၃၁ ဦးနဲ့ အိမ်နီးချင်း ဂျာဗားပြည်နယ်က ၅၁ ဦး ပါဝင်ပါတယ်။

အဲဒီအရက်ထဲမှာ မက်သနောဓာတ်နဲ့အတူ အယ်လ်ကိုဟော ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် အလွန်ပြင်းထန်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် ၂ ဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးဟာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ ဖြစ်လေ့ရှိပြီး အခုသေဆုံးမှုကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အများဆုံးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဒေသတွင်းချက်တဲ့ အရက်ကို သောက်မိပြီး လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment