Tuesday, July 31, 2018

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကို ပြန်လည်ခန့်အပ်


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ကို နိုင်ငံတော်သမ္မတက ပြန်လည်ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

ပြည်​​ထောင်​စုလွှတ်​​တော်​ နာယကတာဝန် ဦးတီခွန်မြတ်လွှဲပြောင်းယူ (ဓာတ်ပုံ)


ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ သက်တမ်းတဝက်ပြည့်တဲ့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှဲပြောင်းရယူ လိုက်ပါတယ်။

မကွေးတိုင်းအစိုးရက အွန်လိုင်းဝန်ဆောင်မှုများပေးမည့်ရုံးဖွင့်


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများအကြားချိတ်ဆက်မှုများ လျင်မြန်ပြီး ဝန်ကြီးဌာနအသီးသီး၏ ဝန်ဆောင်မှုများ လွယ်ကူစေရန်အတွက် အွန်လိုင်းဝန်ဆောင်မှု ၁၇ မျိုးပေးနိုင်မည့် e-Government Central Control Room ကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။

မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ဇီဒန်းနှင့် ဘလန့်တို့အနက်မှတစ်ဦးကို ခန့်အပ်ရန် မန်ယူ စီစဉ်ထား


မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနှင့် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန့်တို့အနက်မှတစ်ဦးကို ယင်းနေရာတွင်အစားထိုး၍ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနိုင်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာရှခရီးသွားများ အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသရန်ကိစ္စ ပြန်လည်ညှိနှိုင်းမည်



ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုသော်လည်း လေဆိပ်တွင် Show Money အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြရန် ထုတ်ပြန်ထားမှုကို ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

ကြက်ခြံများ ရေကြီးနစ်မြုပ်မှုကြောင့် ကြက်သားဈေးတက်



ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြံများ ရေကြီးနစ်မြုပ်မှုများကြောင့် ထွက်နှုန်းလျော့ကျကာ ကြက်သားဈေးများ မြင့်တက်လာကြောင်း အသားတိုး ကြက်ထုတ်လုပ် မွေးမြူရောင်းချသူများ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧက ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီး

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးစပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

Monday, July 30, 2018

ပညာရေးဘတ်ဂျက်မှ ကျပ်ဘီလီယံ ၁,၃၀၀ ကို ဆရာ၊ ဆရာမနှင့် ၀န်ထမ်းများလစာ သုံးနေရဟု ပညာရေးဝန်ကြီးပြော ဘတ်ဂျက်တိုးမြှင့်သုံးစွဲသည့်တိုင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ဖြစ်၍ မလောက်ငနိုင်ဟုဆို

ပညာရေးအသုံးစရိတ် မှ ကျပ်ဘီလီယံ ၁,၃၀၀ ကို ဆရာ၊ ဆရာမနှင့် ၀န်ထမ်းများအတွက် လစာငွေပေးရာတွင် သုံးစွဲနေရ ပြီး ပညာရေးပြုပြင်ပြောင်းလဲမှု၌ ဆောင်ရွက်ရန်များသဖြင့် ပညာရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲသည့်တိုင် လောက်ငခြင်းမရှိနိုင်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ကော့သောင်းတွင် လူနေအိမ်ပေါ် မြေပြိုကျ၍ လူ ၅ ဦးသေ ၊ ၁ ဦး ထိခိုက် ဒဏ်ရာရ


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   တောင်နံရံ မြေသားများ နေအိမ်များအပေါ်သို့ ပြိုကျပျက်စီးကာ လူ ၅ ဦး သေဆုံးကာ၊ ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။

ဘားအံနှင့်မဒေါက် မြစ်ကမ်းအနီးနေသူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေး


ဘားအံမြို့နယ်နဲ့ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေ မြစ်ရေကြီးမှုမှ ဘေးလွတ်ရာ ရှောင်ရှားဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ပါတယ်။

အမှုပိတ်ခဲ့သော အောင်ရဲထွေးအမှုကို စွဲချက်ပြန်တင်မည်


အုပ်စုဖွဲ့ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်က စွဲချက်ပြန်တင်ရန်ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

၁၇ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီဆုမဲ ၁ သိန်းကျော်ချီးမြှင့်မည်

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင်ဖွင့်လှစ်မည့် ၁၇ ကြိမ်မြောက်ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးအပါအဝင် ထီဆုမဲပေါင်း ၁သိန်းကျော်ကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်၌ ရေကြီးရေလျံဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၅၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရကြောင်း သိရ

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်ကာ ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်၌ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၅၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရကြောင်း သိရသည်။

အကူအညီလိုနေသည့် ရေဘေးသင့်ပြည်သူများ ဆက်သွယ်ရန် လူကယ်ပြန်ဝန်ကြီးတိုက်တွန်း


ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို လျင်မြန်အောင်ကြိုးစား ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ အရေးတကြီး လိုအပ်တာတွေရှိပါက ဆက်သွယ်အကူအညီတောင်းကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

မြန်မာသင်္ဘောသား ၃ ဦးကို ထိုင်ဝမ်လေတပ် ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်


မြန်မာနိုင်ငံသား ၃ ဦး ဓာတုဗေဒ ယိုစိမ့်မှုဖြစ်ပွားလို့ ဒဏ်ရာရရှိခဲ့ပြီးနောက် သင်္ဘော တစီးပေါ်ကနေ ရဟတ်ယာဉ်နဲ့ သွားရောက် ကယ်ဆယ်ခဲ့ရတယ်လို့  ထိုင်ဝမ်သတင်း ဝက်ဆိုက်မှာဖော်ပြပါတယ်။

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တင်သွင်းထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့ဝေဖန်


သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှတင်သွင်းထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ယနေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ ကားလမ်းများ ရေမြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ဆဲဖြစ်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြစ်ရေများ တက်လာသဖြင့် ကားလမ်းများ ရေလွှမ်းမိုးမှုများဖြစ်လာကာ မြန်မာနိုင်ငံ တောင်းပိုင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ယနေ့အထိ ရှိနေဆဲဖြစ်သည်။

ရုရှား၌ ကျင်းပသည့် Army Game 2018 ပြိုင်ပွဲမြန်မာတပ်မတော် ပထမဦးဆုံး ဝင်ပြိုင်

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Army Game 2018 ပြိုင်ပွဲသို့ မြန်မာတပ်မတော်က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း Army Game 2018 အင်တာနက်စာမျက်နှာနှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနိုင်ဆွေဦးထံမှ သိရသည်။

Sunday, July 29, 2018

ဂျပန်တွင် ဂျွန်ဒါရီတိုင်ဖွန်းမုန်းတိုင်း တိုက်ခတ်၊ ဒဏ်ရာရသူ ၁၉ ဦးခန့်ရှိ


ဂျပန်တွင် အင်အားပြင်း မုန်တိုင်းတစ်ခု တိုက်ခတ်ပြီး အနည်းဆုံး ၁၉ ဦးခန့် ဒဏ်ရာရကာ ဓာတ်အားလိုင်းများ ပြတ်တောက်လျက်ရှိသည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ပိုင်ဖြိုးသုကို ရန်ကုန်တိုင်း ကျန်းမာရေး သံတမန်အဖြစ် အစိုးရခန့်


ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာ တိုးတက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးသံတမန်အဖြစ် MRTV-4 မှ အစီအစဉ်တင်ဆက်သူ ဒေါက်တာစိုးညီညီထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုတို့ကို ခန့်အပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ပြည်သူတစ်သိန်းဝန်းကျင်ရေဘေးကြုံနေဆဲ ညောင်လေးပင်တွင် ရေကာတာတစ်ခုကျိုးပေါက်၊သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ကမ်းနားလမ်းနှင့် တစ်ပြေးညီဖြစ်နေ၍ ဒေသခံများစိုးရိမ်


တိုင်းနှင့်ပြည်နယ်လေးခု တွင် ရေဘေးကို ပြည်သူတစ်သိန်း ခန့် ရင်ဆိုင်နေရပြီး ညောင်လေး ပင်မြို့၌ ရေကာတာတစ်ခု ကျိုး ပေါက်၍ အရေးပေါ်ကယ်ဆယ် ရေး ဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကပြော သည်။

ပညာမဲ့များသည် ရိုးရှင်းသည့်အရာကိုပင် မရှုပ် ရှုပ်အောင်လုပ်နေကြဟု သမ္မတ ပြောကြား တတ်သိပညာရှင်များက မတရားမှု၊ မကောင်းမှုကို ဘယ်တော့မှ မလုပ်ဟုဆို


တတ်သိပညာရှင်များသည် တိုင်းပြည်ကို များစွာအကျိုးပြုနိုင်သည့်အပြင် အရှုပ်များကို ရှင်းအောင်လုပ်နိုင်ပြီး ပညာမဲ့များသည် ရိုးရှင်းသည့်အရာကိုပင် မရှုပ် ရှုပ်အောင် လုပ်နေကြသည်ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ရန်ကုန်-မော်လမြိုင်လမ်း ပိတ်ထားသဖြင့် စက်သုံးဆီဆိုင် နှစ်ဆိုင် ရောင်းချမှု ရပ်ဆိုင်းထား


ဘီးလင်းမြို့နယ် အတွင်း ရေကြီးမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး ပိတ်ထားသဖြင့် မော်လမြိုင်မြို့ တွင် ဓာတ်ဆီပြတ်လပ်မှုများ ကြုံ တွေ့ကာ စက်သုံးဆီဆိုင် နှစ်ဆိုင်ရောင်းချမှု ရပ်ဆိုင်းထားကြောင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအ သင်းခွဲ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးစိန်တင်က ပြောသည်။

Thursday, July 26, 2018

ဖာပွန်မြို့တွင် ရေကြီးပြီး စာသင်ကျောင်းများ ပိတ်ထားရ

မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ ယွန်းစလင်းချောင်း ရေလျှံမှုကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Wednesday, July 25, 2018

တရုတ်တွင် ဖေ့စ်ဘွတ်ခ် ရုံးဖွင့်ရန် စီစဉ်


အကျိုးအမြတ်များသောဈေးကွက် ဖြစ်သော်လည်း ဖေ့စ်ဘွတ်ခ်၏ ဝက်ဘ်ဆိုက် အပိတ်ခံထားရသည့် တရုတ်နိုင်ငံတွင် ထိုးဖောက်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံတွင်း ရုံးဖွင့်ရန် လိုင်စင်လျှောက်ထားမှု အတည်ပြုချက် ရပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေဆီ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ


လူဦးရေတစ်သောင်းကျော် ရေဘေးသင့်နေတဲ့ ကရင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ရောက်ရှိနေပါပြီ။

ဖားကန့်မြေပြိုမှု အလောင်းခြောက်လောင်း စတွေ့


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာကုမ္ပဏီ လုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့နံနက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၀ နီးပါး ပျောက်ဆုံးခဲ့ပြီး ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်က အလောင်းခြောက်လောင်း ပေါ်ထွက်လာကြောင်း ကူညီရှာဖွေရေးဆောင်ရွက်သူများထံမှ သိရသည်။

ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် စိတ်ဂယောင်ခြောက်ခြား ဖြစ်နေဟု အောင်ဝင်းဇော် ထွက်ဆို


တရားလွှတ်​​တော်​​ရှေ့​နေ ဦးကိုနီ လုပ်​ကြံသတ်​ဖြတ်​ခံရတာနဲ့ ပတ်​သက်ပြီး ၃၀၂ ၁(ခ)/၃၄ နဲ့ စွဲချက်တင်ထားတဲ့ အောင်ဝင်းဇော်ကို ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်း ရပ်ဆိုင်းတော့မည်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သမီး အီဗန်ကာထရမ့်ဟာ သူ့ဖခင်ကို အကြံဉာဏ်ပေးရာမှာ အာရုံစိုက်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။

ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း၌ မြေပြိုကျမှုတွင် ပျောက်ဆုံးသူစာရင်း ၂၇ ဦးအထိ ရှိလာ


ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း၌ မြေပြိုကျမှုတွင် ပျောက်ဆုံးစာရင်း၂၇ ဦးအထိ ရှိလာကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ၊ ဒေသခံများက ဆိုသည်။ ဖားကန့်ဒေသတွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီကျော်က မြေပြိုကျမှုဖြစ်ပွားပြီး လူ ၄၀ ၀န်းကျင် နစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်း ကနဦး သိရသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဦးကျော်ကျော်မောင်ကို ပြန်လည်ခန့်အပ်ရန် သမ္မတအဆိုပြု


သက်တမ်းကုန်ဆုံးသွားပြီးလစ်လပ်လာတော့မယ့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကိုပဲ ခန့်အပ်လိုတယ်လို့ သမ္မတဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

မန္တလေးတွင် သပိတ်စခန်းဖွင့်သည့် ဦးကျော်မျိုးရွှေ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံရ


မန္တလေးမြို့တော်၌ ၂၀၁၇ ခုနှစ်အတွင်းက သပိတ်စခန်းဖွင့်ခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးကျော်မျိုးရွှေကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေရန် အမိန့်ချလိုက်သည်။

အင်းလေးကန်အတွင်း ဟိုတယ်ဆောက်လုပ်မည်ကို ကန့်ကွက်


ပြည်တွင်းပြည်ပခရီးသွား အများအပြားလာရောက်လည်ပတ်လေ့ရှိသည့် အင်းလေးကန်တွင် Myanmar Naing Goup ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ ဒေသခံများထံမှ ကန့်ကွက်လက်မှတ် ကောက်ယူမည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။

မန္တလေးဈေးချို မြန်မာ့ပထမဆုံး ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်ဈေးအဖြစ် FDA ကြေညာ

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သော ဈေးအဖြစ် မန္တလေးဈေးချိုတော်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန FDA က ကြေညာလိုက်သည်။

ဖားကန့်မြေပြိုမှု ပျောက်ဆုံးသူ ၂၇ ဦး စာရင်းရ၊ ရှာဖွေရေး ယနေ့စမည်


ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံ​ကျေးရွာအနီးရှိ ဧရာရတနာ ကုမ္ပဏီလုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားရာတွင် သေဆုံးသူများ၏ အလောင်းမဖော်နိုင်သေးသော်လည်း လူပျောက်စာရင်းလာပေးထားသူမှာ ၂၇ ဦးရှိကြောင်း ကူညီရှာဖွေရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် သင်္ဘောကွေ့ကျေးရွာမှ မိသားစု ၄၅ စုမှာ အခက်အခဲဖြစ်နေ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာတွင် လာရောက်အခြေချနေထိုင်ရာမှ အစိုးရက နေအိမ်များကို ဖြိုဖျက်လိုက်သည့်အတွက် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြရသော မိသားစု ၄၅ စုမှာ မိုးရာသီဖြစ်သည့်အတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရရာ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။

ကရင်​ပြည်​နယ်​​ဒေသတွင်း မြစ်​၊​ ချောင်းများ၏ မြစ်​​ရေချိန်​ စိုးရိမ်​​ရေမှတ်​အနီးနှင့်​ စိုးရိမ်​​ရေမှတ်​အထက်​တွင်​ ရှိ​နေ


မိုးအား​ကောင်းမွန်​မှု​ကြောင့်​ ကရင်​ပြည်​နယ်​​ဒေသတွင်းမြစ်​၊​ ချောင်းများ၏ မြစ်​​ရေချိန်​မှာ စိုးရိမ်​​ရေအမှတ်​အနီးနှင့်​ စိုးရိမ်​​ရေအမှတ်​အထက်​တွင် ​ရှိ​နေ​ကြောင်း ပြည်​နယ်​မိုး​လေ၀သနှင့်​ ဇလ​ဗေဒဦးစီးဌာန၏ ထုတ်​ပြန်​ချက်​အရ သိရသည်​။

သံလွင်၊ စစ်တောင်းနှင့် ရွှေကျင်မြစ်ရေ ကြီးနေသဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်း


သံလွင်၊ စစ်တောင်းနဲ့ ရွှေကျင်မြစ်ရေ ကြီးနေတဲ့အတွက် ဘားအံမြို့နယ်၊ မဒေါက်မြို့နဲ့ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက  အကြံပြုတိုက်တွန်းထားပါတယ်။

ပညာရေးစနစ် အားနည်းခဲ့သဖြင့် မျိုးဆက် နှစ်ဆက် ကံမကောင်းခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာပြည်ရဲ့ ပညာရေးစနစ် အားနည်းခဲ့တဲ့အတွက် ပြည်သူပြည်သားတွေဟာ မျိုးဆက် နှစ်ဆက်လောက် ကံမကောင်းခဲ့ဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့ကို ရေဘေးကယ်ဆယ်ရေး သွားရောက်


သံလွင်မြစ် ရေကြီးရေလျှံပြီး ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ ကရင်ပြည်နယ်၊ မြို့တော် ဘားအံကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မနက်က ရေဘေးကယ်ဆယ်ရေး သွားရောက်နေပါတယ်။

ရွှေကျင်မြို့မှာ ရေဘေးရှောင်သူ ၁၄၀၀ ကျော်ထိ ရှိလာ



ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မြစ်ရေတက်လာမှုကြောင့် ရေဘေးရှောင် ပြည်သူ ၁၄၀၀ ကျော်အထိ ရှိလာနေပါတယ်။

လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် ရာမောင်မြစ်ဖြတ်ဇက်သင်္ဘောပြေးဆွဲခြင်း ရပ်နားထားပြီး မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဒေသမှ ကျေးရွာများ ရေလွှမ်း


လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် ရာမောင်မြစ်အား ဖြတ်ကူးပေးသည့် ဇက်သင်္ဘောပြေးဆွဲခြင်းကို ရပ်နားထားရပြီး ပန်းမြောင်းကြီးချောင်းဒေသမှ ကျေးရွာများ ရေလွှမ်းမိုးမှုကို ခံစားနေရကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ကျပ်တည်းနေသည်ဟု ပြောနေကြသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှုန်းအားဖြင့်တက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုတိယ၀န်ကြီး ပြောကြား


မြန်မာနိုင်ငံတွင် စီးပွားရေး ကျပ်တည်းနေသည်ဟု ပြောနေကြသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှုန်းအားဖြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ဒေသခံများအား ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် သွားရောက် ဖမ်းဆီးရာမှ ပဋိပက္ခဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက် ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့် ခံထားရသည့် ဒေသခံများအား ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် ၀င်ရောက် ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းတာကျိုးကျခဲ့ပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ထောင်စု များပြားလာ


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းတာတစ်ခု ကျိုးကျပျက်စီးခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စု များပြားလာခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းအတွင်း ဆည်ကိုးခု သတ်မှတ်ရေပမာဏထက် ကျော်လွန်နေပြီး ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ဘုရားကြီး-ဘောနက်ကြီးဇောင်းတူလမ်း ရေကြီးနစ်မြုပ်


ပဲခူးတိုင်းဒေသကြီးအတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ဇူလိုင် ၂၅ ရက် တိုင်းတာချက်များအရ ဆည်ကိုးခုမှာ သတ်မှတ်ရေ ပမာဏထက်ကျော်လွန်နေပြီး ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ် ဘုရားကြီး-ဘောနက်ကြီး-ဇောင်းတူ လမ်းပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဝန်ကြီးများကို ပညာပြလိုသည့် ၀န်ထမ်းအချို့ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော ၀န်ထမ်းများကို ပြည်သူကယုံကြည်လျှင် အစိုးရပြောင်းလည်း လူထု၏စိတ် လုံခြုံတည်ငြိမ်မည်


အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပညာပြလိုသည့် ၀န်ထမ်းအချို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

Monday, July 23, 2018

မူးယစ်ဆေးအိတ် ကောက်ရသည့် ကျွဲကျောင်းသား ကားတိုက်ခံရပြီး သေဆုံး


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင် နန်းရောင်းမြို့နယ်ထဲမှာ  မူးယစ်ဆေးဝါး ပါတဲ့ အိတ်တလုံး ကောက်ရတဲ့ ကျွဲကျောင်းသားငယ် ၁ ဦး ဇူလိုင် ၂၃ ရက်နေ့က အဲဒီနေရာမှာပဲ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အလုပ်ဖြင့်သက်သေပြရန် တိုက်တွန်း


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ပြောင်ရွှေ့ကြမယ့် အရာရှိကြီးတွေ၊ အရာရှိတွေအနေနဲ့ မျက်နှာကြီးငယ်မရွေးဖမ်းဆီးဖို့၊ စိတ်သစ်လူသစ်နဲ့ စိတ်ပါနှစ်ပြီး အလုပ်နဲ့သက်သေပြဖို့ ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မြ၀တီမြို့နယ်တွင် သောင်ရင်းမြစ်ရေနှင့် တောင်ကျချောင်းရေ လွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ ၂၂၀၀ ကျော်အား ကယ်ဆယ်ထားရ


မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်နှင့် တောင်ကျချောင်းရေများပြားခြင်းကြောင့် မြ၀တီမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေအိမ်များ၊ ပတ်ဝန်းကျင်ကျေးရွာများ ရေလွှမ်းမိုးမှုခံရကာ ရေဘေးသင့်ပြည်သူ ၂၂၀၀ ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ကာ ကယ်ဆယ်ရေးလုပ်ဆောင်ထားရကြောင်း သိရသည်။

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေး ကိစ္စအပေါ် ကယားပြည်နယ်ဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ချက်


၁။၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ)၊ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊ ကယန်းအမျိုးသားပါတီနှင့် Lain နည်းပညာအထောက်အကူပြုအဖွဲ့ တို့  အစည်းအဝေးပြုလုပ်ခဲ့သည်။အစည်းအဝေး၌ ကယားပြည်နယ်ဝန်ကြီးချုပ်က ၎င်းကိစ္စနှင့်ပတ်သက်၍ “ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို့  ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ဆောင် ရမဲ့တာဝန်ဖြစ်တယ်။” ဟု ပြောကြားခဲ့သည့် အပေါ် သတင်းဌာနများ၌ ဖော်ပြထားသည်ကို တွေ့ရပါသည်။