နိုင်ငံတော်၏ အတိုင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံပွဲအတွက် ညှိနှိုင်းနေ ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။
နေပြည်တော်၌ ဇူလိုင် ၉ ရက်က ကျင်းပသည့်ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးအပြီးတွင် ၎င်းကမီဒီယာများ ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘‘လာမယ့် တတိယအစည်း အဝေးပြီးရင် အစိုးရနဲ့က တောက် လျှောက်ထိတွေ့နေတယ်၊ညှိနှိုင်း နေတယ်၊ ပိုပြီးနီးစပ်လာအောင်၊ နီးကပ်လာအောင် လုပ်သွားမယ့် အစီအစဉ်တွေလည်းရှိတယ်။ အဲဒါတွေသူတို့နဲ့ အကျေအလည် ဆွေးနွေးချင်တယ်။ ဆွေးနွေးချင် တော့ တကယ်ဆုံးဖြတ်ပေးနိုင် မယ့်ပုဂ္ဂိုလ်တွေလာခဲ့ပါ၊ တက် ပေးပါကျွန်တော်တို့က တောင်း ဆိုထားတယ်။ သို့သော်မသိရ သေးဘူး။အဲဒီအပေါ်မူတည်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့တာတို့၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နဲတွေ့တာတို့ ဒါတွေကဖြစ် လာလိမ့်မယ်လို့ထင်ပါတယ်။ ဒါ ပေမဲ့ ဟိုဘက်က တက်လာမယ့် ပုဂ္ဂိုလ်တွေရဲ့ အနေအထားအ ပေါ်မှာလည်း မူတည်တယ်’’ ဟု ဦးဇော်ဌေးကပြောသည်။
လက်ရှိတွင် NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ၂၁ ရာစုပင် လုံသို့တက်ရောက်မည်ဖြစ်သော် လည်း တက်ရောက်မည့် ပုဂ္ဂိုလ် အမည်စာရင်းကို အဖွဲ့အချို့က သာ အစိုးရထံပေးပို့ထားသည်။
မြောက်ပိုင်းအဖွဲ့များ အ နက် ‘၀’ အဖွဲ့ (UWSA)၊ ရှမ်းအ ဖွဲ့ (SSPP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှ ဒုဥက္ကဋ္ဌ ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့တက် ရောက်မည်ဖြစ်ပြီးကချင်အဖွဲ့(KI A)၊ တအာင်းအဖွဲ့(TNLA)၊ ကိုး ကန့်အဖွဲ့ (MNDAA) နှင့် ရခိုင် အဖွဲ့ (AA) တို့မှ တက်ရောက်မည့် သူအမည်စာရင်းကိုမူ မသိရသေး ပေ။
မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့စလုံးက အဆုံးအဖြတ်ပေး နိုင်သည့် ပုဂ္ဂိုလ်များတက်ရောက် ရန်အကျိုးဆောင်များနှင့် တရုတ် သံရုံးတို့မှ တစ်ဆင့်ပြန်ပြောကြား ထားကြောင်း ဦးဇော်ဌေးက ဇူ လိုင် ၉ ရက်ညတွင် ဆိုသည်။ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပ မည်ဖြစ်သည်။
၂၁ ရာစုပင်လုံတတိယအ စည်းအဝေးသို့ မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့စလုံးတက်ရောက် မည်ဖြစ်ပြီး အဓိကခေါင်းဆောင် နှင့် ဒုတိယအဆင့်ခေါင်းဆောင် များလာရောက်မည်ဟု မိုင်းလား အဖွဲ့ (NDAA) အထွေထွေအ တွင်းရေးမှူး ဦးကြည်မြင့်က ဇူလိုင် ၉ ရက် တွင်ပြောသည်။
မိုင်းလားအဖွဲ့သည် ပြည် တွင်းလမ်းကြောင်းမှ လာရောက် ပြီး ကျန်ခြောက်ဖွဲ့သည် တရုတ် နိုင်ငံကူမင်းမှတစ်ဆင့်လာမည် ဟု ၎င်းကဆိုသည်။
‘‘ခေါင်းဆောင်တော့ အား လုံးခေါင်းဆောင်ပဲ။ တချို့အဓိက ခေါင်းဆောင်၊ တချို့က ဒုတိယ အဆင့်အဲဒီလောက်ရှိတယ်’’ ဟု ဦးကြည်မြင့်ကပြောသည်။
KIO/KIA ကမူ ၂၁ ရာစု ပင်လုံသို့မြောက်ပိုင်းအဖွဲ့ဝင် အ နေဖြင့်သာတက်ရောက်မည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီးနော်ဘူကပြောဆိုထားပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန် လ ၂၁ ရာစုပင်လုံ တက်၊ မတက် ဇူလိုင် ၉ ရက်အထိ အတည်ပြု နိုင်ခြင်းမရှိပေ။
တအာင်းအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်း အိုက်ကျော်က ၎င်းတို့အ ဖွဲ့မှ ၂၁ ရာစုပင်လုံသို့စေလွှတ်မည့်ခေါင်းဆောင်ကိုယ်စားလှယ်အဆင့်ကို ဇူလိုင် ၁၀ ရက်မှ အတိအကျသိရမည်ဟုဆိုသည်။
အစိုးရနှင့် NCA လက်မှတ် ထိုးနိုင်ရေး ညှိနှိုင်းနေသည့် ကရင် နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့တက်ရောက်မည်ဖြစ်သည်။
7Day
0 comments:
Post a Comment