Monday, July 9, 2018

ဆေးတက္ကသိုလ်ဝင်ခွင့် ယခင်နှစ်ထက်ဦးရေ ၁၀၀ လျှော့ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဝေးလံဒေသများမှ ကျောင်းသား ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လက်ခံမည်


ယခုနှစ်ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာ၌ ယခင်နှစ်ထက်ဦးရေ ၁၀၀ လျှော့ချကာ ဆေးတက္ကသိုလ်ငါးခုတွင် သင်တန်းသား ၁,၂၀၀ သာ လက်ခံမည်ဟု ၂၀၁၈ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၌ ဖော်ပြထားသည်။
ဆေးတက္ကသိုလ်(၁) ရန် ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)နှင့်ဆေး တက္ကသိုလ်(တောင်ကြီး) တို့တွင် သင်တန်းသားသစ်ခေါ်ယူမှုကို နှစ် စဉ်လျှော့ချနေသည်။ ၂၀၁၆ က ပထမနှစ်သင်တန်းသား ၁,၆၀၀ ဦး၊ ၂၀၁၇ က ၁,၃၀၀ ဦး လက်ခံ ရန်သတ်မှတ်သော်လည်း ယခုနှစ် တွင် ၁,၂၀၀ ဦးသာ လက်ခံရန် သတ်မှတ်ထားသည်။

လက်ခံသင်ကြားမည့် အရေအတွက် သတ်မှတ်ထားသော် လည်း ရမှတ်တူများရှိပါက သတ် မှတ်ဦးရေထက် တိုးလက်ခံသည့် စနစ်ကြောင့် နှစ်စဉ်အမှန်တကယ် ၀င်ခွင့်ရသည့် ကျောင်းသားဦးရေ သည် သတ်မှတ်ထားသည်ထက် ပိုသည့်အပြင် ယခုနှစ်တွင် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဝေးလံဒေသ များမှ ကျောင်းသား ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လက်ခံရန် လျာထားကြောင်း ဆေးတက္ကသိုလ် (၁)ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကပြောသည်။

‘‘ဝေးလံခေါင်ဖျားကို ပိုယူဖို့ လုပ်ထားတယ်။ အရင်က သူတို့ ကို ၃ ရာခိုင်နှုန်း ယူတာ။ ဒီနှစ် ၁၀ ရာခိုင်နှုန်းထိ ပိုယူဖို့လုပ်ထား တာ။ ကျောင်းတွေက လက်ခံတဲ့ အရေအတွက်က အရင်နှစ်နဲ့အတူ တူပဲ။ ဥပမာ-ဝေးလံခေါင်ဖျားက အရင်နှစ်က ၃၆ ယောက်လောက် ပဲခေါ်ရင် ဒီနှစ် ၁၂၀ လောက်ဖြစ် သွားမှာမျိုးနဲ့ဆိုတော့ လက်ခံရတဲ့ အရေအတွက်က အတူတူ လောက်ဖြစ်လိမ့်မယ်’’ဟု ဒေါက် တာ ဇော်ဝေစိုးကပြောသည်။

ဆေးတက္ကသိုလ်များတွင်နှစ် စဉ် ပထမနှစ်ကျောင်းသား လက် ခံရာ၌ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ပါ သင်တန်းရွေးချယ်မှုကတ် ပြားမှတစ်ဆင့် လျှောက်ထားလာ သူများကို အမှတ်အများဆုံးမှ အ နည်းဆုံးအထိ သတ်မှတ်အရေ အတွက်ပြည့်သည်အထိ လက်ခံ သောအစီအစဉ်နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသခြောက်ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုး ကန့်၊ ‘၀’နှင့် နိုင်ငံတော်က ထုတ် ပြန်ထားသော ဒေသစရိတ်ခံစား ခွင့်ရှိသည့်သွားလာရေးနှင့် လူမှု ရေးခက်ခဲသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည့် အစီအစဉ် ဟူ၍ အစီအစဉ်နှစ်ခုဖြင့် ရွေး ချယ်သည်။

 ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများသည်ဆေး တက္ကသိုလ်ဝင်ခွင့်ကို သင်တန်း ရွေးချယ်မှု ကတ်ပြားမှတစ်ဆင့် လျှောက်ထားနိုင်ပြီး လျှောက် ထားသူများအနက် အမျိုးသားဦး ရေ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ဦးရေ ၅၀ ရာခိုင်နှုန်းစီ အချိုးကျ လက်ခံမည်ဖြစ်သည်။

 ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဝေးလံဒေသများမှ ဆေးတက္က သိုလ်ဝင်ခွင့်လျှောက်ထားမည့်သူ များကို သတင်းစာများက ကြေ ညာကာ ၀င်ခွင့်လျှောက်လွှာ သီး ခြားခေါ်ယူမည်ဖြစ်သည်။ ထိုသို့ လျှောက်ထားမည့်သူများသည် အဆိုပါဒေသများတွင် အခြေခံပညာအဋ္ဌမတန်း၊ န၀မတန်း၊ တက္ကသိုလ်ဝင်တန်း ဆက်တိုက်ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဒေသများမှ အောင်မြင်ရမည်ဖြစ်သည်။ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကို သတ်မှတ်ထားခြင်း မရှိသော်လည်း ရောက်ရှိလာသည့် လျှောက်လွှာများအပေါ် မူတည်၍ သတ်မှတ် အရေအတွက်အတိုင်း ၀င်ခွင့်ရွေး ချယ်မည်ဖြစ်သည်။

‘‘ဆေးရုံတွေမှာ ဆရာဝန် အင်အားလိုနေတာတော့ အမှန် ပဲ။ ဆေးတက္ကသိုလ်တက်ချင်သူ ကလည်း များတယ်။ ဒါပေမဲ့လက် ရှိ တစ်နိုင်ငံလုံးမှာ ဆေးတက္က သိုလ်က ငါးခုပဲရှိတာ။ ကျောင်း သားတွေကို တကယ်ထိထိရောက် ရောက် သင်ချင်တယ်ဆိုရင် ဒီ တက္ကသိုလ်ငါးခုက သူ့မှာရှိတဲ့ ဆရာအနေအထား၊ စာတွေ့၊ လက်တွေ့သင်ကြားနိုင်မှု အနေ အထားအရပဲ လက်ခံတာကောင်း တယ်’’ဟု ဆေးတက္ကသိုလ်(မန္တ လေး)တွင် တက်ရောက်ခဲ့သည့် ဒေါက်တာနေခြည်အေးက ဆို သည်။

 ဆေးတက္ကသိုလ် ၀င်ခွင့် လျှောက်ထားသူများသည် ဆေး တက္ကသိုလ်ခွဲဝေနေရာချထားရေး အဖွဲ့က အခါအားလျော်စွာသတ် မှတ်ချက်နှင့်အညီ ခွဲဝေသတ်မှတ် ပေးသည့် ဆေးတက္ကသိုလ်တွင် သင်တန်းကာလ ခုနစ်နှစ် ပြီးဆုံး သည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်ဟု ၂၀၁၈ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်၌ ဖော်ပြထား သည်။

ဘွဲ့ရရှိပါက နိုင်ငံတော်က လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန် ထမ်းအဖြစ် အနည်းဆုံးသုံးနှစ် ကြာ တာဝန်ထမ်းဆောင်မည်ဟု ခံဝန်ရေးထိုးရမည်ဖြစ်ပြီး ဖောက် ဖျက်ပါက ကျပ် ၁၀ သိန်း ပေး လျော်ရမည့်အပြင် တည်ဆဲစည်း မျဉ်းစည်းကမ်းနှင့်အညီ အရေးယူခံရမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်တွင် ဖော်ပြထားသည်။

၂၀၁၇ က ဆေးတက္ကသိုလ် ၀င်ခွင့် အနိမ့်ဆုံးရမှတ်သည် ကျား ၄၉၃၊ မ ၅၀၇ မှတ် ဖြစ်သည်။

7Day

0 comments:

Post a Comment