Tuesday, July 3, 2018

ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မှာကို လွိုင်ကော်မှာ ကန့်ကွက်


ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မယ့်ကိစ္စကို ကရင်နီလူငယ်အဖွဲ့တွေနဲ့ ဒေသခံတွေက ဒီနေ့ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ကြပါတယ်။

ဆန္ဒပြသူတွေဟာ လွိုင်ကော်မြို့ တောင်၊ မြောက် နဲ့ အရှေ့ဆိုပြီး လမ်းကြောင်း ၃ ခုခွဲကာ လမ်းလျှောက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဗိုလ်ချုပ် ကြေးရုပ် ထားရှိမယ့် ပန်းခြံမှာ ဆုံမှတ်အနေနဲ့ ပြုလုပ်ထားတယ်လို့ မြောက်ဘက်လမ်းကြောင်းကို ဦးဆောင်နေတဲ့ ခွန်းမျိုးလှိုင်ဝင်း က ပြောပါတယ်။

ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲအတွက် ခွင့်ပြုမိန့် တင်ထားတာမရှိဘူးလို့ သိရပါတယ်။


Photo: Khun John Paul
(ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု တည်ဆောက်မယ့်ကိစ္စကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်)
RFA

0 comments:

Post a Comment