Tuesday, July 3, 2018

ဒေါ်အောင်ဆန်းစုကြည်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် Green Life သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ရွေးချယ်ခံရ


နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူများအဖြစ် စစ်ကိုင်းမြို့ နယ် ဒီပဲယင်းကွဲကျေးရွာမှ Green Life (အစိမ်းရောင်ဘဝ) အသင်းကို ရွေးချယ်ကြောင်း အတိုင်ပင်ခံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အထက်ပါ Green Life သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းသည် ဒီပဲယင်းကွဲကျေးရွာ သူ၊ ရွာသား လူငယ်မောင်မယ်များ ၏ ဦးဆောင်မှုဖြင့် တစ်ရွာလုံးက ပလတ်စတစ်အမှိုက်ကင်းစင်ရေး စနစ်တကျစွန့်ပစ်စေခြင်းဆောင်ရွက်ခဲ့ကြပြီး တစ်နိုင်ငံလုံးရှိ မြို့၊ရွာ၊ ရပ်ကွက်အားလုံး၏ အတုယူလေးစားအားကျဖွယ် ပြယုဂ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 ‘‘ကျွန်တော်တို့သိလိုက်တဲ့ အသိပညာလေးတစ်ခုနဲ့ ဒီမှာ လက်တွေ့လုပ်ဆောင်လိုက်တဲ့ ဟာက တကယ်လည်း ရပ်ရွာ အတွက်လည်း အကျိုးပြုတယ်။ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြု တယ်။ နောက်ပြီး အသိပညာကို လည်း လူငယ်တွေကို မျှဝေလို့ရ တယ်။ ဒီလိုမျိုး ဂုဏ်ပြုခံရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ် တယ်’’ဟု Green Life အဖွဲ့ဝင် ကိုမျိုးမြင့်မြတ်က ပြောသည်။

Green Life အသင်းနည်းတူ ပြည်သူများ၊ ပရဟိတစေတနာ ရှင်များ၊ လူမှုရေးအသင်းများက နိုင်ငံတော် တည်ဆောက်ရေး ပေါင်းစည်းအင်အားကို အခြေပြု ၍ ရပ်ရွာ၊ ပတ်ဝန်းကျင်၊ နေရာ ထိုင်ရာကမ္ဘာကြီးအတွက် တတ် စွမ်းသမျှ ဝိုင်းဝန်းကူညီပေးရန် မေတ္တာရပ်ခံကြောင်းအတိုင်ပင်ခံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Green Life ကို ၂၀၁၁ တွင် စတင်ဖွဲ့စည်းပြီး ယင်းအချိန်က ပင် ‘ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့’ ဆောင်ပုဒ်နှင့် အညီ ပလတ်စတစ်၏ ဆိုးကျိုးကို ကိုယ်စီသိရုံသာမက လူအများပူးပေါင်းပါဝင်လုပ်ဆောင်လာစေရန်  ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

‘‘ကျွန်တော်တို့က ပလတ် စတစ်ကို အဓိကထိန်းသိမ်းတယ်။ နောက်ပြီး တစ်နိုင်တစ်ပိုင် အပင် စိုက်တယ်။ ရွာထဲမှာ ကွင်းလပ် တွေကို စိုက်တယ်။ နောက်တစ်ခု က စာကြည့်တိုက်ကို အလှည့်ကျ တာဝန်ဆောင်ရွက်ကြတယ်’’ဟု ကိုမျိုးမြင့်မြတ်က Green Life အသင်း၏ ဆောင်ရွက်ချက်များ ကို ရှင်းပြသည်။

အထက်ပါ အသင်းစတင် ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၅၀ ဦး ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အသင်းဝင်အဖြစ် ရွာခံလူငယ် ၂၈၀ဦးအထိ တိုးချဲ့နိုင်ခဲ့ပြီး တစ်လလျှင်နှစ်ကြိမ် လူခွဲ၍ ရွာတောင်ပိုင်းနှင့် မြောက်ပိုင်းကို အမှိုက်ကင်းစင်ရေး ဆောင်ရွက် နေသည်ဟု ဆိုသည်။

ထို့အပြင် ဒီပဲယင်းကွဲကျေး ရွာအတွင်းရှိ အိမ်တိုင်း၌ ဆာလာ အိတ်များ ချိတ်ဆွဲပေးထားခြင်း၊ လမ်းဆုံးလမ်းခွများတွင် အမှိုက် ပုံးကြီးများထားရှိကြောင်းနှင့် စနစ်တကျ အမှိုက်စွန့်ပစ်လာစေရန် လုပ်ဆောင်ခဲ့သည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တစ်ရွာလုံး၏ ရန်ပုံငွေ ထည့်ဝင်မှုဖြင့် အမှိုက်သယ်ရန်နှင့် စွန့်ပစ်ရန် ထော်လာဂျီတစ်စီး လည်း ဝယ်ယူထားပြီး  Green Life အသင်းဝင်လူငယ်များက အနီးဝန်းကျင်ရှိ ကျေးရွာခုနစ်ရွာ တွင်လည်း ပလတ်စတစ်ကင်း စင်ရေးနှင့် အမှိုက်စနစ်တကျ စွန့် ပစ်ရေးလုပ်ငန်းများကို ကူညီပေး နေကြောင်း ဆက်လက်ဖော်ပြ သည်။

အဆိုပါ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း တိုက်နယ်အတွင်း ရှိ ဒီပဲယင်းကွဲ ကျေးရွာအကြောင်း ကို ဇွန်လ ၁၃ ရက်ထုတ် 7Day News Journal တွင် ဆောင်းပါး ရှင် ညီညီဇော်က ‘စင်ကာပူကို အမီလိုက်မယ့်ရွာ’အမည်ဖြင့် ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၆ မေလကစတင်၍ ၂၀၁၇ ဇွန်လအထိ ချီးကျူးဂုဏ် ပြုထိုက်သူများကို ထုတ်ပြန်ကြေ ညာခဲ့ကာ ပြီးခဲ့သည့် မေလတွင် ထိန်ပင် မီးငြှိမ်းသတ်ခဲ့သူများနှင့် ပူးပေါင်းကူညီသူများကို ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် ပြန်လည် ရွေးချယ်ထုတ်ပြန်ခဲ့သည်။

7Day

0 comments:

Post a Comment