Monday, July 9, 2018

တရုတ်တွင် တိုင်ဖွန်းမုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် ဆောင်ရွက်


တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်ဟာ နီးကပ်လာတဲ့ တိုင်ဖွန်း မာရီယာအတွက် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ ဒီနှစ်အဖို့ တရုတ်နိုင်ငံကို ၈ ကြိမ်မြောက် ဝင်ရောက်မယ့် တိုင်ဖွန်းလည်း ဖြစ်ပါတယ်။
 
တိုင်ဖွန်း မာရီယာဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ဖူကျန်းပြည်နယ်ကို ဝင်ရောက်ပြီး လေပြင်းတွေတိုက်ခတ်ကာ လှိုင်းကြီးနိုင်တယ်လို့ ပြည်နယ် မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကျန်းပြည်နယ်ကို မဝင်ရောက်ခင် မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်း အရှေ့မြောက်ပိုင်းကို ဝင်ရောက်နိုင်သလို ပွတ်ကာသီကာ လွဲချော်သွားနိုင်တယ်လို့လည်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်နိုင်တဲ့အတွက် ပင်လယ်ပြင် ငါးဖမ်းလှေတွေကို ဇူလိုင် ၁၀ ရက်နေ့ မနက်မှာ ဆိပ်ကမ်းဆီ ပြန်လာဖို့နဲ့ ကမ်းလွန်ရေလုပ်သားအားလုံး ညနေအမီ ကုန်းတွင်းကို ပြန်လာခဲ့ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖူကျန်းပြည်နယ်ရှိ ကမ်းခြေ အပန်းဖြေစခန်း အားလုံးကိုလည်း ဇူလိုင် ၁၀ ရက် ညနေ နောက်ဆုံးထားပြီး ပိတ်ကြဖို့ ညွှန်ကြားထားပါတယ်။

DVB

0 comments:

Post a Comment