Monday, July 9, 2018

မကြာခင်မှာ ရင်သား ဆီလီကွန်ထည့်ဖို့အစီအစဉ်ရှိတယ်လို့ ပြောလိုက်တဲ့ နေခြည်ဦး


နေခြည်ဦးဆိုလို့ရှိရင် နာမည်ကြီး Beauty Blogger တစ်ဦးဖြစ်တဲ့အပြင် အနုပညာအလုပ်တွေပါ စတင် လုပ်ကိုင်နေတဲ့သူဆိုပြီး ပရိသတ်အကြား လူသိများသူတစ်ဦးဖြစ်ပါတယ်။ 
နေခြည်ဦး(ခ) ချီချီဟာ သူမရဲ့ရင်သားကိုပါ ဆီလီကွန်ထည့်ဖို့အစီအစဉ်ရှိတယ်လို့ သူမရဲ့ Facebook Page ဖြစ်တဲ့ Beautybynaychi Page မှာ ဇူလိုင်လ ၄ ရက်က Bra Size ရွေးချယ်ပုံတွေကို ပြောရင်း အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ 

သူမဟာဆိုရင် ဇူလိုင်လ ၇ ရက်မှာ ကိုရီးယားနိုင်ငံကို သွားရောက်ပြီး နှာခေါင်းနဲ့ မျက်ရစ် ဆာဂျရီ ပြုလုပ်ခဲ့သေးပြီး လက်ရှိ(ဇူလိုင်လ ၉ ရက်) အထိ အဲဒီမှာပဲ ရှိနေပါသေးတယ်။ 

“ ပြုပြင်ပြောင်းလဲလို့ရတာ အကုန်ပြုပြင်ပြောင်းလဲမှာဖြစ်သလို ဒီလိုမျက်နှာကိုခွဲစိတ်တဲ့အပေါ် မကြောက်တဲ့ အပြင် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ယုံကြည်မှုကရှိပြီးသားပါ၊ ကိုယ်တိုင်က အမြဲပြုပြင်ပြောင်းလဲနေရတာ ကြိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Confident မရှိလို့ပြင်တာမဟုတ်ပါဘူး။” လို့ နေခြည်ဦးက အကုန်သိ သတင်းဌာနကို ဖြေကြားထားပါတယ်။  

အခု ကိုရီးယားနိုင်ငံကိုရောက်ရှိနေချိန်မှာလည်း Beautybynaychi Page ကနေ သူမအတွက် Talent/ Celebrity Manager ကို ခေါ်ယူထားပါသေးတယ်။

ကြယ်စင်သိဏ်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment