လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၆၉ ယောက် ရှိပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ကနေ မနေ့က ၁၁ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ အချိန်ကာလ သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲဒီကာလအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၆၉ ယောက်ထဲမှာ ပါတီကိုယ်စားပြု တင်သွင်းသူ ၆၂ ယောက်ရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူ ၇ ယောက်ရှိတယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စုစုပေါင်း နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး အဲဒီထဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားဖြစ်ပါတယ်။
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကတော့ လစ်လပ် မဲဆန္ဒနယ် ၁ဝ နေရာအတွက်သာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတယ်လို့ သိရပါတယ်။
(၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်)
Photo: RFA
0 comments:
Post a Comment