Sunday, July 15, 2018

၂၁ ရာစုပင်လုံသို့ ဆွေးနွေးရန် တင်သွင်းသည့်အချက်အားလုံးကို ညီလာခံရလဒ်အဖြစ် သတ်မှတ်ရန် ပူးတွဲကော်မတီ သဘောတူ


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ဆွေးနွေးရန်တင်သွင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများဟူသည့်ကဏ္ဍလေးရပ်မှ အချက် ၁၄ ချက်ကို ညီလာခံရလဒ်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးက သဘောတူညီခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည့်အချက်များအနက် မပြေလည်သည့် နိုင်ငံရေးနှင့် မြေယာကဏ္ဍမှ အချက်လေးချက်ကို ညှိနှိုင်းရန် UPJDC အစည်းအဝေးကို ဇူလိုင် ၁၅ ရက်တွင် ညီလာခံကျင်းပရာ နေပြည်တော်ရှိ MICC - II ခန်းမ၌ ကျင်းပခဲ့သည်။

ညီလာခံ တစ်ရက်နားပြီး ပြုလုပ်ခဲ့သော အဆိုပါအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့အကြား ခြောက်နာရီကြာ အကြိတ်အနယ်ညှိနှိုင်းခဲ့ပြီး ဆွေးနွေးစဉ် မပြေလည်မှုများရှိခဲ့၍ အစည်းအဝေး ခေတ္တရပ်နားညှိနှိုင်းခဲ့ရသည်ဟု UPDJC ကိုယ်စားလှယ်များက ဆိုသည်။

‘‘အခြေခံမူသဘောတူညီချက် ၁၄ ချက်ကို ဒီအစည်းအဝေးကနေပြီးတော့ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေကိုမနက်ဖြန်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်း ပြီးတော့ ပြည်ထောင်စုသဘောတူ စာချုပ်(Union Accord) ရဲ့ အစိတ်အပိုင်း(၂) အဖြစ် လက်မှတ်ရေး ထိုးမှာဖြစ်ပါတယ်’’ ဟု အစိုးရအစု အဖွဲ့မှ ဒေါက်တာတင်မျိုးဝင်းက အစည်းအဝေးအပြီးတွင် ပြော ကြားသည်။

UPDJC အစည်းအဝေးတွင် ညီလာခံ၏သဘောထားထုတ်ပြန် ချက်ကိုလည်း သဘောတူအတည် ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

‘‘ဒီသဘောထားထုတ်ပြန် ချက်ဟာဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံရးသန္နိဋ္ဌာန်ကို အဓိကထုတ် ပြန်ကြေညာခြင်းပဲဖြစ်ပါတယ်’’ ဟု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါက်တာတင်မျိုး ဝင်းက ပြောသည်။

အစည်းအဝေးတွင် အဓိက ညှိနှိုင်းခဲ့ရသည့် ကဏ္ဍသည် နိုင်ငံရေးကဏ္ဍအောက်ရှိ ကျား၊ မတန်း တူရေးဆိုင်ရာ အချက်၌ မြန်မာ နိုင်ငံ၏အမည်ကို ထည့်သွင်းရေး ကိစ္စဖြစ်ကြောင်း၊ အထူးသဖြင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြား အကြိတ်အနယ်ဖြစ်ခဲ့ ကြောင်း ဆွေးနွေးပွဲ၌ ပါဝင်သူ တို့က ပြောသည်။

‘‘ကျား၊ မ တန်းတူရေးရဲ့ရှေ့ မှာ နာမဝိသေသနထည့်တဲ့ကိစ္စ ပေါ့။ ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုကို တည် ဆောက်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုတဲ့ စကား လုံးပေါ့။ တော်တော်လေးညှိနှိုင်းခဲ့ ရပါတယ်’’ဟု နိုင်ငံရေးပါတီအစု အဖွဲ့ UPDJC အတွင်းရေးမှူး မင်းကျော်ဇေယျာဦးက ပြော ကြားသည်။

UPDJC က ညီလာခံသို့ တင် သွင်းသည့် မူလစာပိုဒ်သည် ‘ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား၊ မ ဆိုင်ရာလိင်ကွဲပြားမှုကို အခြေခံ သော ခွဲခြားဆက်ဆံခြင်းမရှိစေ ရေးနှင့် တန်းတူညီမျှမှုရှိစေရေး အတွက် မူဝါဒချမှတ်ရမည်’ ဟူ၍ ဖြစ်ပြီး ယင်းစာပိုဒ်ပါ ပြည်ထောင် စု၏စကားစု၏နောက်တွင် နိုင်ငံ အမည်ထည့်ခြင်း၊ မထည့်ခြင်း ကိစ္စကို အဓိကညှိနှိုင်းခဲ့သည်။

တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်များ က နိုင်ငံအမည်နာမနှင့်ပတ်သက် ပြီး မဆွေးနွေးရသေးသည့် အချိန် တွင် နာမဝိသေသနကို မထည့် သေးဘဲ ကျား၊ မတန်းတူရေးကိစ္စ ကို အဓိကဆွေးနွေးရန် သဘော ထားဖော်ပြခဲ့ပြီး အစိုးရ၊ တပ်မ တော်ဘက်ခြမ်းမှ နိုင်ငံ၏အမည် ကို ထည့်သွင်းလိုသည့်အခြေအ နေဟု ဆွေးနွေးပွဲကိုယ်စားလှယ် အချို့က ပြောသည်။

‘‘အဖြေက အနာဂတ်မှာ တည်ဆောက်မယ့် ပြည်ထောင်စု အတွက် ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံမှာရှိတဲ့ ကျား၊ မတွေအ ကုန်လုံးကို တန်းတူရေးနဲ့ ခွဲခြား ဆက်ဆံမှုမရှိရေးဆိုတဲ့ အဖြေကို ရပါတယ်’’

ကျား၊ မတန်းတူရေးဆိုင်ရာ အချက်၌ ပါရှိသော ပြည်ထောင်စု ၏နောက်တွင် မြန်မာနိုင်ငံတော် ဟူသည့် စာသားထည့်သွင်းရန် အကြိတ်အနယ် ဆွေးနွေးခဲ့ရ သော်လည်း နောက်ဆုံးတွင် အား လုံးလက်ခံခဲ့သည်ဟု ကချင်ပြည် နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောသည်။

‘‘ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကျင်းပနေတာလည်း မြန်မာနိုင်ငံအနေနဲ့ ကျင်းပနေ တာဖြစ်တယ်။ ညီလာခံကျင်းပ တာပြီးသွားပြီး ပြည်ထောင်စုသ ဘောတူစာချုပ်ချုပ်ဆိုရင် မြန်မာ နိုင်ငံအနေနဲ့ပဲ ချုပ်မှာပဲ။ ပြည် ထောင်စုမြန်မာနိုင်ငံတော်အနေ နဲ့ပဲ ချုပ်ရမှာပဲ။ ဒါကြောင့် ဒီမြန် မာနိုင်ငံတော်ဆိုတာကို ဆက်သုံး ရမှာပဲ။ ဒါကြောင့် ဒီနေ့ညနေ ဒါ ကို အားလုံးသဘောပေါက်ပြီး တော့မှ မြန်မာနိုင်ငံတော်ထည့် တာကို အားလုံးသဘောတူလိုက် တယ်’’ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၁၆ ရက်တွင် ပြုလုပ် မည့် ညီလာခံနောက်ဆုံးနေ့၌ ညီလာခံကြေညာချက်ထုတ်ပြန် မည်ဖြစ်ရာ ယင်းကြေညာချက် တွင် ယခုနှစ်တွင် ၂၁ ရာစုပင်လုံ တစ်ကြိမ်၊ ၂၀၁၉ ၌ နှစ်ကြိမ် ကျင်းပရန် ပါရှိကြောင်း မင်းကျော်ဇေယျာဦးက ပြောသည်။

‘‘ညီလာခံသုံးကြိမ်ကျင်းပ မယ်။ သုံးကြိမ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ချမှတ်ဖို့ဆိုတဲ့ဟာရယ်၊ လိုအပ်ပါက ၂၀၂၀ မှာ ထပ်ပြီးတော့ ညီလာခံ ဆက်လက်ကျင်းပကြိုးပမ်းသွား မယ်ဆိုတဲ့အချက်မျိုးတွေ ပါပါ တယ်’’ဟု ၎င်းက ဆိုသည်။

ယခု ၂၁ ရာစုပင်လုံတွင် နိုင်ငံရေးကဏ္ဍအဆိုပြုချက်လေး ချက်၊ စီးပွားရေးကဏ္ဍအဆိုပြု ချက်တစ်ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက်ခုနစ်ချက်၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကဏ္ဍအဆိုပြုချက်နှစ် ချက်ကို ညီလာခံသို့ တင်သွင်း၍ ညီလာခံကိုယ်စားလှယ်များက အစုအဖွဲ့လိုက်သော်လည်း ကောင်း၊ ကဏ္ဍအလိုက်သော် လည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့ သည်။

၂၀၁၇ မေလက ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးတွင် အဆိုပါကဏ္ဍ လေးရပ်မှ သဘောတူညီချက် ၃၇ ချက်ရရှိခဲ့ပြီး ပြည်ထောင်စုသ ဘောတူစာချုပ်အစိတ်အပိုင်း(၁) အဖြစ် ချုပ်ဆိုခဲ့သည်။ ယခုညီလာ ခံရလဒ်များကိုလည်း ပြည် ထောင်စုသဘောတူစာချုပ်အ စိတ်အပိုင်း(၂) အဖြစ် သတ်မှတ် မည်ဖြစ်သည်။

7Day


0 comments:

Post a Comment