Tuesday, July 10, 2018

အစိုးရနှင့်လွှတ်တော် ကောင်းမွန်သည့်အလုပ်ကို လုပ်ကိုင်နေသော်လည်း သတင်းမီဒီယာ၏ အခန်းကဏ္ဍပါဝင်မှုမရှိပါက ပြည်သူများသိမြင်ခွင့်ရမည်မဟုတ် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌဆို


အစိုးရနှင့်လွှတ်တော် ကောင်းမွန်သည့်အလုပ်ကို မည်မျှလုပ်ကိုင်ဆောင်ရွက်နေစေကာမူ သတင်းမီဒီယာ၏ အ ခမ်းကဏ္ဍပါဝင်မှုမရှိပါက ပြည်သူများ သိမြင်ခွင့်ရမည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္က ဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

ဇူလိုင်လ(၈)ရက်နေ့တွင် ပုသိမ်မြို့ ဂရုဏာစင်တာ၌ ကျင်းပသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဧရာဝတီ တိုင်းဒေသကြီး)နှစ်ပတ်လည်အစည်းအဝေးနှင့် တိုင်းအလုပ်အမှုဆောင်ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အစိုးရနဲ့လွှတ်တော် ဘယ်လောက်ကောင်းတာတွေချည်းပဲ လုပ်နေလုပ်နေ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ ပါ ဝင်မှုမရှိရင် ပြည်သူတွေ သိခွင့်မြင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များဟာ သတင်းမီဒီယာသမားများသိချင်တဲ့ မေးမြန်းတဲ့ အချက်အလက် ၊ကိန်းဂဏန်းတွေကို အချိန်မရွေးပြောဆိုဖြေကြားပေးနေပါတယ်၊ ဒါဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဥပဒေပြုရေးမဏ္ဍိုင်နှင့်သတင်းမီဒီယာမဏ္ဍိုင်တို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင် နေခြင်းဖြစ်ကြောာင်းပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့် သတင်းမီဒီယာသမားများ၏ သာရေး နာရေး၊လူမှုရေးကိစ္စများကို ဆောင်ရွက်နေပြီး သင်တန်းတွေဖွင့်လှစ်ခြင်း၊ သက်ကြီးသတင်းစာ ဆရာကြီးများကို ပူဇော်ကန်တော့ခြင်း၊ အမျိုးသားသတင်းဆုများ ချီးမြှင့်နေခြင်း၊ နိုင်ငံတကာကို လေ့လာရေးခရီးနှင့်သင်တန်းတွေ စေလွှတ်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှီသည်။


ကျော်စိုးမိုး - ဖျာပုံ (အကုန်သိသတင်းဌာန)



0 comments:

Post a Comment