Tuesday, July 3, 2018

နေပြည်တော်မှာလုပ်တဲ့ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် မြန်မာအမျိုး သမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီး ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အကြီးအကဲ တို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။

မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာရခြင်းမှာ ၁၉၉၅ ခုနှစ်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အမျိုးသမီး ညီလာခံတွင် မြန်မာက ပါဝင်တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို စတင် ဖွဲ့စည်းသည့်နေ့အား အစွဲပြု၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ကျမတို့ အမျိုးသမီးများဟာ တကယ်ပဲ နိုင်ငံအတွက်တင် မကဘူး။ ကမ္ဘာ့ လူအသိုင်း အဝိုင်း အတွက် အင်အားတခု ဖြစ်စေချင်တယ်။ စိတ်ဓါတ်အင်အားကို အဓိကထား မွေးမြူဖို့၊ စိတ်ဓါတ်အင်အားကို ပြုစုပျိုးထောင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်"ဟု ယနေ့ အခမ်းအနားတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

0 comments:

Post a Comment