Wednesday, August 22, 2018

အစိုးရ တာဝန်ပေးပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကူညီလိုဟု ဝန်ကြီးဟောင်း ဦးအောင်မင်းပြော


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရန် အစိုးရ တာဝန်ပေးပါက ကူညီ ဆောင်ရွက်ပေးလိုကြောင်း ယခင် အစိုးရလက်ထက် ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင်တာဝန်ယူခဲ့သူ သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောသည်။

ယခင် အစိုးရလက်ထက် မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC) တွင် နိုင်ငံရေးဆွေးနွေးမှု တာဝန်ခံ ဦးအောင်နိုင်ဦး၏ ‘မြန် မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှ သင်ခန်းစာများ’ စာအုပ်မိတ် ဆက်ပွဲကို သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ရာ ယင်းစာအုပ်မိတ်ဆက် ပွဲသို့ တက်ရောက်လာသည့် ဦးအောင်မင်းအား မီဒီယာများက မေးမြန်းခြင်းအပေါ် ယင်းသို့ဖြေ ကြားသည်။
လက်ရှိအစိုးရ ဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ကူညီဆောင်ရွက် ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းရာ ဦးအောင်မင်းက ၎င်းအနေဖြင့် ယခင်သမ္မတဦးသိန်းစိန် အမိန့် ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ပြီး လက်ရှိအစိုးရအ နေဖြင့် ထိုသို့ဆောင်ရွက်ရန် တာ ဝန်ပေးပါက ငြိမ်းချမ်းရေး လုပ် ငန်းစဉ်၌ ဝိုင်းဝန်းဆောင်ရွက် မည်ဟု ဖြေကြားသည်။
‘‘ခင်ဗျားတို့ ရွေးပေးထားတဲ့ အစိုးရက ကျွန်တော်တို့ကို Pre- sidential Order ပေးရင် ဝိုင်းလုပ် ပေးမှာပေါ့။ မပေးရင်တော့လည်း ကျွန်တော်တို့ ဘယ်လောက်လုပ် ပေးချင်၊ လုပ်ပေးချင် ဝင်လုပ်လို့ မရဘူး။ ငြိမ်းချမ်းရေးကို မလုပ် ဘူးပြောရင်တော့ အဲဒီလူက လူ ဆိုးဖြစ်သွားမှာပေါ့’’ဟု ဦးအောင် မင်းက ၎င်း၏သဘောထားကို ပြောသည်။
လက်ရှိအစိုးရ ဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်သည် ရှေ့ဆက်သွားနေပြီး ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဆွေးနွေးရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်မည်ဟု ပြောကြား ထားသည်ကို သိရကြောင်း ၎င်း ကဆိုသည်။
‘‘Dialogue Process ရှိနေ တယ်ဆိုကတည်းကိုက တစ် ယောက်နဲ့တစ်ယောက်က ပြော လို့ရတယ်၊ ခေါ်လို့ရတယ်၊ ဆွေး နွေးလို့ရတယ်၊ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ ဆုံးဖြတ်ချက်ချတာ ကတော့ များများချတာနဲ့ နည်း နည်းချတာက လုပ်ငန်းကျွမ်းကျင် မှုအပေါ်မှာ မူတည်တာပေါ့။ သူ့ အနေနဲ့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဒါကို နားလည်သဘောပေါက် အောင်လုပ်။ အဓိကအချက်က တော့ တိုင်းရင်းသားတွေ အပေါ် မှာ နားလည်ပေးဖို့ပဲ’’ဟု ဦးအောင်မင်းက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံ ရေးသိက္ခာမကျရေး ဆောင် ရွက်ပါက လွယ်ကူမည်ဟု ၎င်းက ဆိုသည်။ ဦးသိန်းစိန် အစိုးရလက် ထက် NCA စာချုပ်ညှိနှိုင်းရာ တွင် အစိုးရဘက်က ဦးအောင် မင်း ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များအကြား ညှိ နှိုင်းခဲ့သည်။
ထို့နောက် ၂၀၁၅ အောက် တိုဘာတွင် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့ NCA ၌ ပါဝင် လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်ခဲ့ရာ ၂နှစ် ကျော်အကြာ ဒီချုပ်အစိုးရလက် ထက် ၂၀၁၈ ဖေဖော်ဝါရီတွင် လက်နက်ကိုင်နှစ်ဖွဲ့ NCA ၌ လက်မှတ်ရေးထိုးခဲ့သည်။
NCA လက်မှတ်ရေးထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရဘက်က ကြိုးပမ်းနေသော် လည်း လက်ရှိတွင် တွေ့ဆုံဆွေး နွေးရေး လုပ်ငန်းစဉ်များ ကြန့် ကြာနေသည်။
ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် NLD အစိုးရ၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အပေါ် ဆောင်ရွက်မှုကို သံသယမရှိ သော်လည်း လူအင်အားနှင့် ယန္တ ရား အင်အားများစွာအားနည်း သည်ကို ထောက်ပြရမည်ဖြစ် ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းက ဆိုသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ အင်အားဖြည့် ဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့ ကိုယ်စား လှယ်များက ယခင်ကတည်းက တိုက်တွန်းသည်။
လက်ရှိ အစိုးရလက်ထက် တွင် ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ငြိမ်း ချမ်းရေးကော်မရှင်က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက် နေသည်။
ဆွေးနွေးပွဲများတွင် ဆုံးဖြတ် ချက်ချမှုအပိုင်း၌ ဒေါက်တာတင် မျိုးဝင်းအနေဖြင့် ဦးအောင်မင်း ထက် အားနည်းမှုများရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ပါဝင်ပတ်သက်သူများက ပြောကြားဖူးသည်။

7Day

0 comments:

Post a Comment