Tuesday, October 30, 2018

တောင်ကိုရီးယားတရားရုံးချုပ်က အလုပ်အတင်းအကြပ်ခိုင်းမှုအတွက် ဂျပန်ကုမ္ပဏီကို လျော်ကြေးပေးရန် ဆုံးဖြတ်


တောင်ကိုရီးယား အဆင်မြင့်တရားရုံးတစ်ရုံးသည် စစ်ပွဲအတွင်း တောင်ကိုရီးယား အလုပ်သမားများကို အတင်းအကြပ် ခိုင်းစေခဲ့မှုများနှင့်ပတ်သက်ပြီး ဂျပန်သံမဏီလုပ်ငန်းကို လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား တရားရုံး ဆုံးဖြတ်ချက်သည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြားတင်းမာမှုများ ဆက်လက်ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် နိုင်ငံများလည်းဖြစ်သည်။ 

စစ်ပွဲအတွင်း အလုပ်အတင်းကြပ်ခိုင်းစေခံရသူ တောင်ကိုရီးယားနိုင်ငံသား ၄ ဦးကို ဂျပန် နီပွန်သံမဏိ နှင့် ဆူမီတိုမို သတ္တုလုပ်ငန်းမှ လျော်ကြေးပေးရန် တောင်ကိုရီးယား တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတရားရုံးက တောင်ကိုရီးယား ၄ ဦးသည် ၁၉၄၁ ခုနှစ်မှ ၁၉၄၃ ခုနှစ်အတွင်း သံမဏိစက်ရုံတွင်အလုပ်လုပ်ရန် အတင်းအကြပ်ခိုင်းစေခံရကြောင်း ဆုံးဖြတ်ခဲ့သည်။ တောင်ကိုရီးယားတရားရုံးချုပ်သည် အလုပ်အတင်းအကြပ်ခိုင်းခံရသူတစ်ဦးကို လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈၈၀၀၀ ပေးရန် ဆုံးဖြတ်ခဲ့သည်။ 

စစ်ပွဲအတွင်း အလုပ်အတင်းအကြပ်ခိုင်းခံရသူ ၄ ဦးအနက်မှ အသက်ရှင်ကျန်ရစ်သူတစ်ဦးသာ ရှိတော့ပြီး လက်ရှိမှာ အသက် ၉၀ နှစ်အရွယ်ကိုရောက်ရှိနေသည်။ အသက် ၉၀ အရွယ်ရှိ လီချန်ဆစ်လည်း တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ကြားနာပွဲကို ၀ီချဲလ်နှင့် တက်ရောက်နားထောင်ခဲ့သည်။ စစ်ပွဲအတွင်းအလုပ်ခိုင်းခံရမှုများနှင့်ပတ်သက်ပြီး ၄ ဦးအနက် ၂ ဦးသည် နစ်နာကြေးပေးရန်နှင့် လုပ်ခမရမှုများ ပြန်ပေးရန် ၁၉၉၇ ခုနှစ် က စတင် တိုင်တန်းခဲ့သော်လည်း ဂျပန် တရားရုံးက ပယ်ချခဲ့သည်။ 

အသက် ၉၀ အရွယ်ရှိနေသည့် လီချန်ဆစ် အပါအ၀င် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကတိုင်တန်းခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် တောင်ကိုရီးယား တရားရုံး နှင့် ၂၀၁၂ ခုနှစ်တို့တွင် တောင်ကိုရီးယား တရားရုံးချုပ်ထံသို့ ထပ်မံတိုင်ကြားခဲ့ကြောင်း သိရသည်။

(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment