Tuesday, October 30, 2018

မာရသွန်အပြေးပြိုင်ပွဲတွင် ဂျပန်ကျောင်းသူတစ်ဦး လဲကျ ခြေကျိုးခဲ့၍ ဒူးသွားသွားကာ ဆက်လက်ပါဝင်ခဲ့



ဂျပန်နိုင်ငံ ဖူကိုကာမြို့တွင် ကျင်းပခဲ့သော ၂.၂မိုင် လက်ဆင့်ကမ်း မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်ခါနီးတွင် အသက် ၁၉ နှစ်အရွယ် ဂျပန်ကျောင်းသူတစ်ဦး လဲကျခြေကျိုးခဲ့ရာ ဒူးသွားသွားပြီး ဆက်လက်ပါဝင်ခဲ့သည်။ 
ကျောင်းသားမာရသွန် ၂.၂ မိုင် လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် သူမပါဝင်ခဲ့ပြီး သူမပြေးရမည့် အတိုင်းအတာအရ အပြီးသတ်ရန် ၂၀၀ကိုက် အလိုတွင် ခြေထောက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါကျောင်းသူ ရိုင်းအီဒါက သူမ၏လက်များနှင့်ခြေထောက်များ အဆင်ပြေရန် ဖြစ်သလို ဒူးထောက်တွား သွားခြင်းအားဖြင့် အပြေးပြိုင်ပွဲကို ပြီးစီးအောင် ဆက်သွားခဲ့သည်။ 

လက်ဆင့်ကမ်း မာရသွန်ပွဲစဉ်အတွင်း ခြေထောက်ဒဏ်ရာရသူ ဆယ်ကျော်သက် အပြေးသမားတစ်ဦးက ဒူးထောက်သွားခြင်းဖြင့် ပြိုင်ပွဲအပြီးထိ အဆုံးသတ် သွားခဲ့သည့်အတွက် အများအံ့သြဖွယ်အခိုက်အတန့် ဖြစ်ခဲ့သည်။ 

နာကျင်ဒဏ်ရာရခဲ့သော်လည်း အဆိုပါတက္ကသိုလ်ကျောင်းသူက ပြိုင်ပွဲတွင် သူမပြေးရမည့်အပိုင်းကို ရောက်အောင်သွားဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ 

ဗွီဒီယိုဖိုင်တွင် အီဒါက သူမ၏ ခြေထောက်ဒဏ်ရာကို ထည့်မတွက်ပဲ ဒူးသွားသွား၍ ဆက်လက်ပါဝင်နေသည်ကို စေတနာ့ဝန်ထမ်းများနှင့် ဘေးမှရပ်ကြည့်နေသူများက အားပေးနေသည်ကို တွေ့ရသည်။ 

မစ္စအီဒါ ဒဏ်ရာထားလျှက် ပြိုင်ပွဲတွင် ဆက်လက်ပါဝင်စဉ် လမ်းတလျှောက် ဒူးမှ သွေးများထွက်ကျ နေသည်ကိုကြည့်၍ သူမ၏ အသင်းဖော်များက မျက်ရည်ကျလျက် စောင့်ကြိုနေခဲ့သည်။ 
ပြိုင်ပွဲဒိုင်ဖြစ်သူက “ကျနော် သူ့ကိုရပ်တန့်ခိုင်းဖို့ သင့်မသင့် ဆုံးဖြတ်ဖို့ ခက်နေပေမယ့် သူမက အဆုံးထိပါဝင်ဖို့ ရည်မှန်းချက်ထားတာဆိုတော့ သူမသွားရမဲ့ အပိုင်း ရောက်ခါနီးနေတာကို တွေးမိပြီး ဒီတိုင်းထားလိုက်ရတယ်” ဟု ပြောကြားသည်။ 

Runners World ၏ အဆိုအရ မစ္စအီဒါ နောက်ဆုံးလိုင်းဖြတ်ကူးပြီးနောက် အနီးအနားရှိ ဆေးရုံသို့ ပို့ပေးခဲ့သော်လည်း ခြေထောက်ထိခိုက်မှု ဒဏ်ရာပျောက်ကင်းရန် လအနည်းငယ် ကြာမြင့်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

ဆယ်ကျော်သက်အပြေးမယ် ကျောင်းသူ အီဒါမှာ ဒဏ်ရာရရှိချိန်တွင် ပြိုင်ပွဲမှ ထွက်ရန် ငြင်းဆန်ခဲ့ပြီးနောက် ထပ်ပြေးရန် မည်မျှ အကွာအဝေး ကျန်သေးသည်ကို မေးမြန်း၍ သူမ ဆက်သွားရမည့် အကွာအဝေးထိရောက်အောင် ဒူးသွားသွားခဲ့သည့်အတွက် လမ်းတလျှောက် သွေးများထွက်နေသည်ကို တွေ့ရကြောင်း Runners World က ရေးသားသည်။ 

MUNA

0 comments:

Post a Comment