Tuesday, January 1, 2019

မကွေးတွင် တစ်အိမ်နှစ်ရာကျပ် နေ့စဉ် စုဆောင်းငွေဖြင့်လမ်းခင်း

မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက်ကျေးရွာ၌ နေအိမ်တစ်အိမ်လျှင် နေ့စဉ် နှစ်ရာကျပ်နှုန်းဖြင့် ၂ နှစ်ကြာ စုဆောင်းငွေဖြင့် ယင်းရွာ၏အမှတ် ၂ ရွာလယ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပထမလမ်းဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ 
မကွေးမြို့နယ်တွင် နေအိမ်များက နေ့စဉ် နှစ်ရာကျပ်စုဆောင်း၍ ကိုယ်ထူကိုယ်ထလမ်းခင်းမည့် စီမံကိန်းလေးခုရှိပြီး ယခုလမ်းသည် ပထမဆုံး ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါကျေးရွာရှိ အမှတ် ၂ ရွာလယ်လမ်းကို ကျေးရွာနေအိမ်မှ နေ့စဉ်နှစ်ရာကျပ်စုဆောင်းငွေဖြင့် အရှည် ပေ ၇၀၀ ကျော်၊ အကျယ် ပေ ၁၃ နှင့် အထူ ခြောက်လက်မရှိသော ကွန်ကရစ်လမ်းခင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

The Voice

0 comments:

Post a Comment