Tuesday, January 1, 2019

ဇလွန်တွင် ဇနီးနှင့်သမီးကို ဓားဖြင့်ခုတ်သတ်

ဧရာဝတီတိုင်း ဇလွန်မြို့ ကြာအင်းရွာ ညောင်ပင်ဈေးရပ်ကွက်တွင် ဇန်နဝါရီလ ၁ ရက် နံနက် ၆ နာရီ၌ ဇနီးနှင့်သမီးကို အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 
အသက် ၃၁ နှစ်အရွယ် ကိုခင်ကြိုင်က ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဒေါ်သူဇာဦးနှင့် စကားများရန်ဖြစ်ပြီး ဇနီးသည်နှင့် အသက် ၂ နှစ်အရွယ်သမီး မနှင်းပပဇင်ကို ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုသည်။ 

ဓားဖြင့်ခုတ်သတ်သူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

The Voice

0 comments:

Post a Comment