၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးခဲ့သည့် မြန်မာရွေ့ပြောင်း လူဦးရေ ခုနှစ်သောင်းခွဲခန့် (၇၄၇၃၁) ဦးရှိကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံး က သတင်းထုတ်ပြန်သည်။
လွှဲပြောင်းပေးခဲ့သည့် မြန်မာရွေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ တွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းကျော်လွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင်း ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
လွှဲပြောင်းပေးခဲ့သောအလုပ်သမားများအား ထိုင်းနိုင်ငံမြို့တော်များဖြစ်သည့် ချင်းမိုင်၊မဲဆောက်နှင့် ရနောင်းမြို့များ ဖြစ်ပြီး မြန်မာဘက်မှ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့ စသည့် နှစ်နိုင်ငံနယ်စပ် သုံးမြို့မှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နယ်စပ်သုံးမြို့မှ လွှဲပြောင်း ပေးခဲ့ရာတွင် မြဝတီမြို့မှ လွှဲပြောင်း ပေးခဲ့သူ အများဆုံးဖြစ်ပြီး ခုနှစ်သောင်းကျော်ခန့် ရှိသည်။
ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများအနေဖြင့် တရားဝင်လမ်းကြောင်းဖြင့် မည်သို့သွားရမည်ကို မသိနားမလည်သဖြင့် လူကုန်ကူးသူ
များ၏ သားကောင်များဖြစ်ကာ ဖမ်းဆီးခံရခြင်းများ၊ လိမ်လည်ခြင်းများ ခံရသည်ဖြစ်ရာထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ် ကိုင်လိုသည့်မြန်မာနိုင်ငံသားများကို ပွဲစားများက
တရားမ၀င်လမ်းများမှတဆင့် ခေါ်ဆောင်လာသဖြင့်အခက်ခဲ များတွေ့မှုများ ရှိကြောင်း အလုပ်သမားသံအရာရှိရုံးသတင်းထုတ်ပြန် ချက်တွင် ပါရှိသည်။
အလုပ်သမားသံ အရာရှိရုံးသို့ ၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်း ဆက်သွယ်အကူညီ တောင်းခံလာသည့် မြန်မာနိုင်ငံသားစုစုပေါင်း( ၂၄၆ဦး )တို့ကို အလုပ်သမား သံအရာရှိရုံးမှသက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ ကြောင်းယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးမခံရစေရန်၊ မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန် နှင့် ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်လမ်းများ ၊
အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။
The Fifth Wave News
0 comments:
Post a Comment