Friday, April 26, 2019

အိုင်အက်စ်အဖွဲ့ ရခိုင်သို့ဝင်ရန်ပြင်နေဟု မလေးရှားရဲမင်းကြီး သတိပေး အကြမ်းဖက်ကာကွယ်ရေးအထူးဦးစားပေးဟု သမ္မတရုံးပြော၊ လုံခြုံရေးအသင့်ဟု ရဲတပ်ဖွဲ့ဆို


အိုင်အက်စ်အကြမ်း ဖက်တပ်ဖွဲ့ဝင်များ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ပြင်ဆင်နေကြောင်း မလေးရှား ရဲမင်းကြီးဖူဇီဟာရန်ကပြောကြားသည်ဟု မလေးရှားအခြေစိုက် သတင်းဌာနအချို့က ဖော်ပြသည်။ 
ဖိလစ်ပိုင်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ဝင် ရောက်ရန် မလေးရှားနိုင်ငံ ဆာ ဘာပြည်နယ်ရှိဆန်ဒါကန်မြို့နှင့် တာဝူးမြို့၌ လှုပ်ရှားနေသည်ဟု မလေးရှားရဲမင်းကြီးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။ 

ယင်းနှင့် စပ်လျဉ်း၍ သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက အကြမ်းဖက် အန္တရာယ်ကြိုတင် ကာကွယ်ရေး မြန်မာအစိုးရ၊ တပ် မတော်နှင့်လုံခြုံရေး အဖွဲ့အစည်း များက အထူးဦးစားပေးဆောင် ရွက်နေကြောင်း ယမန်နေ့က နေပြည်တော်၌ သတင်းထောက် များအား ပြောသည်။ 

‘‘တစ်ချိန်တည်းမှာပဲ ပြည် တွင်းမှာရှိတဲ့အစွန်းရောက်အ ကြမ်းဖက်လိုစိတ်အဲဒါတွေနည်း ပါးသွားအောင်လည်း လုပ်နေပါ တယ်’’ ဟု ၎င်းကဆိုသည်။ 

ထို့အပြင် အကြမ်းဖက်မှု အန္တရာယ်ကာကွယ်ရန် ပြည်တွင်း ၌ ချိတ်ဆက်မှု၊ ပြင်ပမှချိတ်ဆက် ပြောကြားနေခြင်းများကို မပြတ် စောင့်ကြည့်နေကြောင်း၊ အခြား မိတ်ဆွေနိုင်ငံများ၌ အကြမ်းဖက် သမားများ ဖမ်းမိချိန်တွင်စစ်ကြော ချက်များအရ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များလည်းရရှိထားကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။ 

ရခိုင်ပြည်နယ်အတွင်း လုံခြုံ ရေးအတွက် အသင့်အနေအထား ဆောင်ရွက်ထားကြောင်းနှင့် အ ကြမ်းဖက်မှုဖြစ်နိုင်ခြေရှိ၊ မရှိ သုံးသပ်ကာ လုံခြုံရေးတိုးမြှင့်သင့် ပါက တိုးမြှင့်မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်းကပြောသည်။ 

မလေးရှားသတင်းဌာနအ ချို့ ဖော်ပြချက်အရ အိုင်အက်စ် တပ်ဖွဲ့ဝင်များသည် ဆာဘာ ပြည်နယ်ကို အသုံးပြု၍ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ကာ အကြမ်း ဖက်မှုများနှင့် အခြေစိုက်စခန်း များတည်ထောင်ရန် လုပ်ဆောင် နေသည်ဟုဆိုသည်။ 

ဆီးရီးယားနှင့် အီရတ်တို့ရှိ အိုင်အက်စ်ပစ်မှတ်များကို မဟာ မိတ်အဖွဲ့များက တိုက်ခိုက်ချေ မှုန်းမှုကြောင့် အိုင်အက်စ်တပ် ဖွဲ့ဝင်များသည် အခြေစိုက်စခန်း သစ်များ ရှာဖွေနေသည်ဟုမလေးရှားရဲမင်းကြီးက ပြောသည်။ 

‘‘အိုက်အက်စ်တွေက ဖိလစ် ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့တာဝူးနဲ့ဆန်ဒါကန် တို့မှာ ကြားစခန်းတွေအဖြစ်အ သုံးပြုနေတယ်ဆိုတာကို အရှေ့ တောင်အာရှကို ကျွန်တော်တို့ အသိပေးထားပါတယ်။ ဒါက အရှေ့တောင်အာရှအတွက်ဖြစ် ပါတယ်။ ဥရောပနိုင်ငံတွေမှာ တော့ ကျွန်တော်တို့သိသလောက် ဘော့စနီးယားနဲ့ တခြားနိုင်ငံအ နည်းငယ်တွေလို ဘော်လ်ကန်ဒေ သတွေမှာ အိုင်အက်စ်တွေက နယ်မြေသစ်ရှာဖွေနေတယ်’’ ဟု အထက်ပါမလေးရှားရဲမင်းကြီး ကဆိုသည်။ 

မကြာသေးမီက သီရိလင်္ကာ နိုင်ငံတွင် အကြမ်းဖက်ဗုံးခွဲတိုက် ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးပြီး ယင်းသည် ၎င်းတို့ လုပ်ရပ်ဖြစ်သည်ဟု အိုင်အက်စ် အဖွဲ့က ပြောကြားထားသည်။

7Day

0 comments:

Post a Comment