Monday, April 29, 2019

ကုလားတန်မြစ်ကူးတံတားအတွက် တင်ဆောင်လာသောပစ္စည်းများပါသည့် သင်္ဘောအား AA အဖွဲ့က လက်နက်ကြီးများဖြင့် တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် ထပ်မံသယ်ယူမည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေး



ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ သံပေါင်များ သယ်ယူပို့ဆောင်ခြင်းနှင့်ပက်သက်၍ သတင်းထုတ်ပြန်ခြင်း 

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီ - ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ၏ ပင်မတံတား RP1 - RP2 ကြား တပ်ဆင်မည့် အမေရိကန်ဒေါ်လာ (၅၃၄၃၀၀)တန်ဖိုးရှိ သံပေါင်နှင့်ဆက်စပ်ပစ္စည်း (၂၆၂.၁၂)တန်ကို J&M Steel Solutions Co;Ltd စက်ရုံမှ ထုတ်ယူ၍ MV ရွှေပြည်တန်(၁)သင်္ဘောဖြင့် (၂၉-၄-၂၀၁၉)ရက်နေ့ နံနက်(၇:၀၀)အချိန်တွင် ရန်ကုန်ဆိပ်ကမ်းမှ စတင် ထွက်ခွာသွားပါသည်။ 
၂။ MV ရွှေပြည်တန်(၁)သင်္ဘောသည် ယခုဖြစ်ပေါ်နေသော FANI ဆိုင်ကလုန်းမုန်တိုင်း အခြေအနေပေါ်မူတည်၍ ခရီးထွက်မည်ဖြစ်ပြီး ခန့်မှန်း (၁၀-၅-၂၀၁၉)ရက်နေ့တွင် စစ်တွေဆိပ်ကမ်း သို့ ရောက်ရှိမည် ဖြစ်ပါသည်။ 
၃။ (၁၁-၅-၂၀၁၉)ရက်နေ့တွင် ကျောက်တော် သို့ ရောက်ရှိမည် ဖြစ်ပြီး (၁၂-၅-၂၀၁၉)ရက်နေ့တွင် ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) စီမံကိန်းသို့ ရောက်ရှိမည် ဖြစ်ပါသည်။ 
၎။ သင်္ဘောပေါ်တွင် ပလက်ဝတံတား ပစ္စည်းမှလွဲ၍ အခြားပစ္စည်းများ လုံးဝ မပါဝင်ပါ ။ 
၅။ သင်္ဘောပေါ်တွင် ပူးတွဲစာရင်းပါ သင်္ဘောသား (၁၅)ဦးမှ လွဲ၍ အခြားသူများ မပါရှိပါ။ 
၆။ အဆိုပါ သံပေါင်များ သယ်ဆောင်သည့် သတင်းကို အများသူငှာ သိရှိရန် အသိပေး ကြေညာအပ်ပါသည် ဟု ထုတ်ပြန်ထားသည်။ 




Credit : ဆောက်လုပ်ရေးဝန်ကြီးဌာန
The Fifth Wave News 

0 comments:

Post a Comment