Tuesday, April 30, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုဇမ်ဘစ်တွင် သေဆုံးသူ ၃၈ ယောက်အထိရှိ


မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းကို ဧပြီ ၂၅ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ကန်းနက်ကြောင့် သေဆုံးသူ ၃၈ ယောက်အထိ ရှိသွားပြီလို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။ 
ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး ၄ ရက်အကြာမှာ မိုးရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနေပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာလည်း ဆိုင်ကလုန်းသင့် မိုဇမ်ဘစ်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အကူအညီတွေ ဖြန့်ဝေပေးခဲ့ပါတယ်။ 

ဧပြီ ၂၉ ရက်နေ့မှာ WFP တာဝန်ရှိသူတဦးက ဆိုင်ကလုန်းဒဏ်သင့် ပြည်သူ ၇ သိန်းရှိပြီး အဲဒီထဲမှာ ၂ သိန်းဟာ အလွန်ဘေးဒုက္ခ ရောက်နေတယ်လို့ ပြောပါတယ်။ 

ဆိုင်ကလုန်း ကန်းနက်ဟာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၂၈၀ အထိ ရှိခဲ့ပြီး မိုးကြီးတာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ကုလသမဂ္ဂက မုန်တိုင်းသင့် မိုဇမ်ဘစ်နဲ့ ကိုမိုရော့စ်နိုင်ငံတွေမှာ အစားအစာ၊ ရေထောက်ပံ့ဖို့နဲ့ အခြေခံအဆောက်အအုံ ပြုပြင်ဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၃ သန်း ထုတ်ပြန်ထားပါတယ်။

DVB

0 comments:

Post a Comment