Tuesday, April 30, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဂုဏ်ပြုကြိုဆို


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဝန်ကြီးချုပ်ရုံး Peace Palace မှာ ဒီကနေ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ 
ဒီနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ဦးဆောင်တဲ့ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ကမ္ဘောဒီးယားနိုင်ငံရဲ့ လွတ်လပ်ရေးကျောက်တိုင်သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချခဲ့သလို ကမ္ဘောဒီးယားဘုရင့်ခမည်းတော် သီဟာနု အထိမ်းအမှတ်ရုပ်တု ကိုသွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ 

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်သို့ သွားရောက်ပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက်ဟန်ဆမ်ရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ၃ ရက်ကြာ တရားဝင်ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်နေတာဖြစ်ပါတယ်။ 








ဓါတ်ပုံ – သတင်းစဉ်
DVB

0 comments:

Post a Comment