Monday, April 29, 2019

ဖားကန့်ရှိကျောက်စိမ်းကုမ္ပဏီ ၁၁ ခု၏ လုပ်ကွက် ၁၇ ခုကို ပိတ်သိမ်းရန်ညွှန်ကြား


ဖားကန့်၌ လေးရက် အတွင်း လူ ၆၀ ခန့်သေဆုံး စေခဲ့သော နွံကန်ပွင့်ကျမှု၊ မြေစာ ပုံပြိုကျမှု၊ ကျောက်ကမ်းပါးပြိုကျ မှုများဖြစ်ပွားပြီးနောက် ကုမ္ပဏီ ၁၁ ခု၏ လုပ်ကွက် ၁၇ ခုကို ပိတ်သိမ်းရန်အစိုးရက ညွှန်ကြား သည်။ 
ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်မြို့နယ်တွင် ဧပြီ ၂၂ ရက် ညနှင့် ၂၅ ရက်နံနက်အတွင်း နွံကန်ပွင့်ကျမှု၊ မြေစာပုံပြိုကျမှု နှင့် ကျောက်ဆောင်ပြိုကျမှုတစ် ကြိမ်စီဖြစ်ခဲ့ပြီး လူ ၅၈ ဦးသေဆုံး ကာ တစ်ဦးခြေထောက်များ ပြတ် တောက်ခဲ့သည်။ 

အခင်းဖြစ်ရာသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူးတစ်ဦး ဦးဆောင် ကာ လာရောက်စစ်ဆေးပြီး နောက် အန္တရာယ်ရှိသော လုပ် ကွက်များ ပိတ်သိမ်းရန်ညွှန် ကြားခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိမ်နှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်စိုးက အတည်ပြုသည်။ 

‘‘ကုမ္ပဏီ ၁၁ ခုက လုပ် ကွက် ၁၇ ခုကို ပိတ်သိမ်းခိုင်းတာ ဟုတ်ပါတယ်။ ရပ်နားခိုင်းလိုက် တာမှန်ပါတယ်။ အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေပေါ့’’ ဟု ဦးဖုန် ဂရိမ်က ပြောသည်။ 

ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးတင် စိုးကလည်း ‘‘ဖြစ်ဖြစ်ချင်းဝန်ကြီး ဌာနက လာကြည့်တယ်။ ကြည့် ပြီး ၀န်ကြီးဌာနက ညွှန်ကြား ချက်ထုတ်ပြီး ပိတ်သိမ်းခိုင်းတာ ဖြစ်ပါတယ်’’ ဟု ပြောသည်။ 

တူးဖော်ခွင့်သက်တမ်း မ ကုန်သေးသော်လည်း အန္တရာယ် ရှိ၍ ပိတ်သိမ်းရန် ညွှန်ကြား ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ 

‘‘နောက်နောင်ဒီလိုနွံကန် တွေပေါက်ကျပြီး အသက်အိုး အိမ်စည်းစိမ်တွေမဆုံးရှုံးစေရေး အတွက် အန္တရာယ်ရှိတဲ့ လုပ် ကွက်တွေကို သက်ဆိုင်ရာဌာနက ရပ်နားစေခဲ့ပါပြီ’’ ဟု ဦးတင်စိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။ 

လက်ရှိတွင် ကုမ္ပဏီအချို့ တူးဖော်နေဆဲဖြစ်ပြီး ပွင့်ကျ နိုင်သော နွံကန် ၁၀ ခုထက် မနည်းရှိနေကြောင်း ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုမ္ပဏီဝန်ထမ်းများက ပြောပြီး ယင်းလုပ်ကွက်များကို ပိတ်သိမ်း ပေးရန် ထပ်မံတောင်းဆိုသည်။ 

လဆန်ခါကျေးရွာ၊ မှော်ဆီ စာကျေးရွာ၊ ဆိုင်းတောင်ကျေး ရွာ၊ ငိုးပင်းကျေးရွာစသည်တို့ရှိ ကုမ္ပဏီလုပ်ကွက်အချို့၌ နွံကန် ပွင့်ကျမည့်အန္တရာယ်ရှိနေသည် ဟု ဒေသခံအချို့ကယူဆထား သည်။ ဖားကန့်တွင် ပုံမှန်အားဖြင့် မေလ ၁၅ ရက်ကစတင်ကာ မိုး ရာသီကာလ ကျောက်စိမ်းတူး ဖော်မှုရပ်နားပြီး ယင်းကာလမ တိုင်မီဆိုးရွားသော လေဘေး အန္တရာယ် ကြုံတွေ့မည့်အရေး ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံ များက စိုးရိမ်နေသည်။ 

‘‘ကျွန်တော်တို့ လုပ်ကွက် နားက နွံကန်က စိုးရိမ်နေရပြီ။ ပြန်ခွင့်ရဖို့စောင့်နေတယ်။ အ လုပ်ဆက်လုပ်ပေးပါ ဆိုရင် လည်းငြင်းမှာပါ။ ဆက်မလုပ်ပေး နိုင်ပါဘူး’’ ဟု ငိုးပင်းကျေးရွာ လုပ်ကွက်တွင် မြေသယ်ကား မောင်းနေသော ကုမ္ပဏီဝန်ထမ်း တစ်ဦးကပြောသည်။ 

‘‘နွံကန်တွေက ဒီအတိုင်းက မသိသာဘူး။ ရေစိမ့်လာမှ အန္တရာယ်ရှိတယ်ဆိုပြီး ပြောကြ တာ။ သိပ်အန္တရာယ်ကြီးတယ်’’ ဟု ဖားကန့်မြို့ဒေသခံဦးနောင် လတ်ကပြောသည်။ 

လုပ်ကွက် ပိတ်သိမ်းခံရ သော ကုမ္ပဏီများနှင့် အန္တရာယ် ရှိသော လုပ်ကွက်များအတွင်း ရှိ၊ မရှိ သက်ဆိုင်ရာ ကုမ္ပဏီများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစား သော်လည်း မရခဲ့ပေ။

7Day

0 comments:

Post a Comment