Tuesday, April 30, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေး ကျောက်တိုင်သို့ သွားရောက်ဂုဏ်ပြု


ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ(၃၀)ရက် မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ လွတ်လပ်ရေး ကျောက်တိုင်ကို သွားရောက်ကာ ဂုဏ်ပြုပန်းခွေချခဲ့ပါတယ်။ 
ဒါ့အပြင် ကမ္ဘောဒီးယားဘုရင့်ခမည်းတော် Norodom Sihanouk ရဲ့ အထိမ်းအမှတ်ရုပ်ထုမှာလည်း လွမ်းသူ့ပန်းခွေချခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ 
အဲဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး Peace Palace မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Mr. Samdech HUN SEN ရဲ့ ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားကို တက်ရောက်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးနဲ့စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 
အဲဒီနောက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ကို သွားရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Samdech HENG SAMRIN နဲ့တွေ့ဆုံခဲ့ပါတယ်။ 
အဲဒီအခမ်းအနားတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။



One News Myanmar 

0 comments:

Post a Comment