Monday, April 29, 2019

ကျပ်သိန်းတစ်သောင်းခွဲ ထီစာအုပ် နှစ်သိန်းခြောက်သောင်းကျော်ကို ဆက်လက်ရောင်းချသွားမည်ဟုဆို


၂၀၁၉ မေလ ၁ ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေသိန်းထီဌာနဖွင့်ပွဲအတွက် ကျပ်သိန်းတသောင်းခွဲဆု ထီစာအုပ်ပေါင်း နှစ်သိန်းခြောက်သောင်းကျော်ကို ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်း အောင်ဘာလေထီရုံးမှ သိရသည်။ 
ပြီးခဲ့သည့် မေလ(၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် ၃ ကြိမ်မြောက်အောင်ဘာလေ ၁၀၀၀ ကျပ်တန်အောင်ဘာလေဖွင့်ပွဲတွင် (က) အက္ခရာမှ (ကဃ) အက္ခရာထိ စုစုပေါင်းအက္ခရာ ၃၇ လုံး ထီစာအုပ် (၃၀၂၇၂၆၆) အုပ်အားရောင်းချခဲ့ရာမှ ထီစာအုပ်ပေါင်း ၂၆၁၂၉၅ အုပ် ရောင်းမကုန်ဘဲ ကျန်ရှိနေပြီး လက်ရှိတွင်လည်း ထီစာအုပ်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ကျန်ရှိနေဆဲဖြစ် ကြောင်း သိရသည်။ 
“ ကျန်ရှိနေတဲ့ ထီစာအုပ်တွေကို ဆက်ပြီးတော့ ရောင်းသွားမှာပါ။ ကျန်ရှိနေတဲ့ ထီစာအုပ်ထဲက နံပါတ်ထွက်သွားခဲ့လို့ရှိရင် ပြန် ပြီး ပေါက်ဂဏန်းကို နှိုက်ပေးသွားမှာပါ”ဟု အောင်ဘာလေထီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ထီဆုများကို အထူးဆုအနေဖြင့် ကျပ်သိန်းတစ်သောင်းငါးထောင်ဆု၊ ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု ကျပ်သိန်း တစ်ထောင်ဆု၊ တစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်သိန်း နှစ်ဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ကျပ်သိန်းငါးဆယ်ဆုများနှင့် ဝေဝေဆာဆာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်းဆု ကျပ်နှစ်သိန်း ဆု နှင့် ကျပ်ငါးသောင်းဆုများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment