Monday, April 29, 2019

ထားဝယ် အကျဉ်းထောင်တွင် HIV လူနာအသစ် အကျဉ်းသား ၇ ဦးတွေ့


အကျဉ်းကျနေသူများနှင့် အချုပ်ကျနေသူများကို ကျန်းမာရေးစစ်ဆေးခဲ့ရာ HIV လူနာအသစ် ခုနစ်ဦး တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။ 
အကျဉ်းကျနေသူများနှင့် အချုပ်ကျနေသူ အမျိုးသား ၈၅၆ ဦးနှင့် အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၉၁၂ ဦးကို ဧပြီလ ၆ ရက်က ကျန်းမာရေးစစ်ဆေးရာမှ အမျိုးသား ၆ ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် HIV ပိုးတွေ့ရှိခဲ့ကြောင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။ 

“ပိုးတွေ့လူနာအသစ်တွေကို ဆေးစပေးဖို့ လုပ်နေပြီ”ဟု ဒေါက်တာကျော်တင့်ထွန်းက ပြောသည်။ 

ထားဝယ်အကျဉ်းထောင်တွင် ART (HIV ပိုးပြန့်ပွားခြင်းကို ဟန့်တားသည့် ဆေး) ဆေးသောက်နေရသည့် HIV လူနာအဟောင်း ၁၆ ဦးရှိပြီး ယခုလအတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာတွင် ၂ ဦးပါကြောင်း ၎င်းက ဆိုသည်။ 

ဧပြီလ ၆ ရက်နေ့က ထားဝယ်ထောင်ရှိ အကျဉ်းသားများတွင် HIV ပိုး စစ်ဆေးခဲ့သည့်နည်းတူ တီဘီရောဂါ ရှိ/မရှိကိုလည်း စစ်ဆေးခဲ့သည်။ 

Dawei Watch
The Voice

0 comments:

Post a Comment