Tuesday, April 30, 2019

ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ဖို့  အတွက် မဏ္ဍိုင် အသီးသီး ကြံ့ခိုင်ဖို့ လို


ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ဖို့ အတွက် မဏ္ဍိုင် အသီးသီးက ကြံ့ခိုင်ဖို့ လိုအပ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့  ပြောကြားခဲ့သည်။ 
“ကျွန်တော်တို့ နိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်တွေ တိုးတက်ဖို့ နဲ့  ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင် ဖို့  အတွက် မဏ္ဍိုင် အသီးသီးသည် ကြံ့ခိုင်ဖို့ လိုတယ်လို့  မြင်ပါတယ်၊ မဏ္ဍိုင် အသီးသီးသည် မိမိဘာသာ ကြံ့ခိုင်ပြီးနောက် ကျန်တဲ့ မဏ္ဍိုင်များရဲ့ ဝေဖန်ထောက်ပြမှုကို ခံနိုင်တယ် ဆိုလို့ ရှိရင် ဒီမိုကရေစီ ကူးပြောင်းမှုမှာ အဆင်ပြေ ချောမွေ့  အောင်မြင်လိမ့်မယ်လို့  မြင်ပါတယ်၊ သတင်း မီဒီယာများအတွက် လွတ်လပ်ခွင့်များလည်း ပိုမို တိုးတက် ရရှိလိမ့်မယ်လို့  ကျွန်တော် မြင်ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာန၊ စုပေါင်းခန်းမတွင် ယနေ့  ကျင်းပသော မဏ္ဍိုင်လေးရပ် (ဥပဒေပြုအဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ တရားစီရင်ရေးအဖွဲ့ နှင့် သတင်းမီဒီယာ) တတိယ အကြိမ် တွေ့ ဆုံပွဲ၌ ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ 
မီဒီယာများ၏ ကြံ့ခိုင်မှုမှာ မိမိတို့ ၏ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို အကန့် အသတ်ဘောင်ထဲမှာ မည်သည့် အတိုင်းအတာအထိ လုပ်ကိုင်နိုင်သလဲဆိုသည့် အချက်အပေါ် မူတည်ကြောင်း၊ ထိုအကန့်  အသတ်များကို မကျော်လွန်ဖို့  လိုအပ်ကြောင်း၊ နောက်တစ်ခု ပိုပြီး အရေးကြီးသည့်အချက်မှာ မီဒီယာ၏ ကြံ့ခိုင်မှု ဖြစ်ပြီး ကြံ့ခိုင်မှုမှာလည်း မိမိတို့ ကျင့်ဝတ်များကို ထိန်းသိမ်းပြီး ဆောင်ရွက်နိုင်မှု အပေါ် မူတည်ကြောင်း၊ မဏ္ဍိုင်လေးရပ် တွေ့ ဆုံပွဲမှာ မဏ္ဍိုင် အသီးသီးသည် မိမိအနေအထား မိမိ ရပ်တည်ကြမည် ဖြစ်ပြီး မိမိလိုလားချက်ကို မိမိ တောင်းဆိုကြမည်သာ ဖြစ်ကြောင်း၊ အထူးသဖြင့် မီဒီယာများကို ကိုယ်စားပြုသည့် စတုတ္ထ မဏ္ဍိုင်က မိမိ၏လုပ်ပိုင်ခွင့်များအတွက် ယခု တွေ့ ဆုံပွဲတွင် တောင်းဆိုမှုများ ရှိမည် ဖြစ်ကြောင်း၊ တောင်းဆိုမှုအရ အခက်အခဲများနှင့် ပတ်သက်ပြီး ဖြေရှင်းဖို့ ဆွေးနွေးသည်များ ရှိလာပြီး ထိုဆွေးနွေးမှုများ အောင်မြင်ခဲ့လျှင် မီဒီယာများအတွက် ပိုပြီးတော့ အကျိုး ရလဒ်ရှိဖို့ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာ ကျန်သည့် မဏ္ဍိုင်များအတွက်လည်း ဂုဏ်သိက္ခာ တိုးတက်လာစေမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။ 
တက်ရောက်လာသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က လည်း ယနေ့ ဆွေးနွေးပွဲမှာ အစိုးရနဲ့  မီဒီယာအကြား ယုံကြည်မှု တည်ဆောက် တဲ့ ပွဲ ဖြစ်ပါကြောင်းသည်။ ထို့ နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ မျိုးသန့် တင်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ကော်မတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးညိုထွန်း နှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းတို့ က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြ သည်။ 



(Xinhua)

0 comments:

Post a Comment