Tuesday, April 30, 2019

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် နေပူခံအရိပ်စင်များ ထပ်မံပြုလုပ်မည်


မန္တလေးမြို့ရှိ မီးပွိုင့်များတွင် အများပြည်သူ နေပူဒဏ်သက်သာစေရန် ရည်ရွယ်၍ နေပူခံအရိပ်စင်များ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။ 
နေပူခံအရိပ်စင်များကို စစ်ကိုင်းလမ်းခွဲမီးပွိုင့်တွင် တစ်ခု ၊ ၂၆ လမ်း ၊ လမ်း ၈၀ မီးပွိုင့်တွင် တစ်ခုနှင့် ၇၈ လမ်း ၊ ၃၅ လမ်း မီးပွိုင့်တွင် တစ်ခု တို့ လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည် ။ 
``ဒီအရိပ်စင်တွေလုပ်တာက ဆိုင်ကယ်စီးတဲ့သူတွေအတွက် မီးပွိုင့်မှာ စောင့်ရရင် အရိပ်ရစေဖို့ပါ ။ မန္တလေးမြို့ရဲ့ အပူချိန်ကလည်း မြင့်နေတော့ အများပြည်သူအဆင်ပြေစေဖို့ပါ။ ခုလက်ရှိ သုံးနေရာလုပ်ပြီးသွားပြီ ထပ်လုပ်ပေးဖို့ရှိတယ် ။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက ပြောသည် ။ 
အဆိုပါ အရိပ်စင်များကို လေဒဏ်ခံနိုင်စေရန် စနစ်တကျလုပ်ဆောင်ထားပြီး ပိုမိုခိုင်ခံ့စေရန် စတီးကြိုးများဖြင့် လုပ်ဆောင်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။ 
ပြုလပ်ထားသည့် အရိပ်စင်များကို နွေရာသီအကုန်တွင် ပြန်ဖြုတ်ပြီး ပိုက်နှင့် စတီးကြိုးများကို နောက်နှစ်များတွင် ပြန်သုံးနိုင်အောင် စနစ်တကျ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည် ။

The Fifth Wave News 

0 comments:

Post a Comment