Tuesday, April 30, 2019

Star Awards မှ ရရှိတဲ့ဆုကြေးနဲ့ မိဘမဲ့ ကလေးကျောင်းမှာ အလှူလုပ်ခဲ့တဲ့ မေမီကိုကို



ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ဆုပေးပွဲမှာ "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ "The Best Actress" ဆု ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက ရရှိတဲ့ ဆုကြေးငွေနဲ့ ယနေ့၊ ဧပြီလ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရတနာပုံရိပ်ငြိမ်ကျောင်းတိုက်မှ မိဘမဲ့ကလေးများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ 
ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ အလှူမှာတော့ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ပညာသင်ကျောင်းသား အယောက်၂၄၀ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်များကို နေ့လယ်စာများ ကျွေးမွေးခဲ့ပါတယ်။ 






သတင်း - ယုဖြူဟန်/ဧရာဝတီ 
ဓာတ်ပုံ - ဝေဝေနှင်း/ဧရာဝတီ


0 comments:

Post a Comment