Monday, April 29, 2019

ပါကစ္စတန်မှာ ဘာသာရေးကျောင်းတွေကို အစိုးရ အုပ်ချုပ်မည်


ပါကစ္စတန်နိုင်ငံက madrasas ဆိုတဲ့ အစ္စလာမ်ဘာသာရေးကျောင်း သုံးသောင်းကို အစိုးရ အုပ်ချုပ်မှုအောက်မှာ ထားရှိဖို့ စီစဉ်နေပါတယ်။ 
  
လူငယ်တွေ အစွန်းရောက်မှုအတွက် ဒီကျောင်းတွေ တာဝန်မကင်းသလို ရှိပေမယ့် သန်းနဲ့ချီတဲ့ ဆင်းရဲသားကလေးတွေဟာ ဒီကျောင်းတွေမှာပဲ ပညာသင်ကြားနိုင်ပါတယ်။ 

အိန္ဒိယနဲ့ အာဖဂန်နစ္စတန်မှာ စစ်သွေးကြွအဖွဲ့တွေက တိုက်ခိုက်တဲ့ကိစ္စမှာ ပါကစ္စတန်အစိုးရ ဖိအားပေးခံရပါတယ်။ အစီစဉ်အရ ဒီကျောင်းတွေမှာ အစ္စလာမ္မစ်ပညာရေးကို ဆက်လက်ထားရှိမှာဖြစ်ပေမယ့် အမုန်းစကားတွေ မပါဝင်တော့ဘူးလို့ ဆိုပါတယ်။ 

Photo: BEHROUZ MEHRI / AFP
RFA

0 comments:

Post a Comment