Monday, April 29, 2019

ယူကရိန်း မိုင်းတွင်းပြိုကျမှု သေဆုံးသူ အနည်းဆုံး လူ ၁၇ ဦးရှိလာ


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံရှိ ကျောက်မီးသွေးပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်မှာ ၁၇ ဦးအထိ ရှိလာကြောင်း သိရသည်။ 
နိုင်ငံ၏ အရှေ့ပိုင်း လူဟမ်စ်ဒေသတွင် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး မိုင်းတွင်းများအနက် တစ်ခုအပါဖြစ်သော ပုဂ္ဂလိကပိုင် ကျောက်မီးသွေးတွင်းတစ်ခု ဧပြီလ ၂၆ ရက်နေ့က မတော်တဆ ပြိုကျခဲ့ပြီး လက်ရှိအချိန်ထိ ၁၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းမှာ ပိတ်မိနေဆဲ ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ 
မိုင်းတွင်းမပြိုကျမီ အဆိုပါမိုင်းတွင်းမှ မီးသိန်းဓာတ်ငွေ့များ အဆက်မပြတ် ပေါက်ကွဲခဲ့ပြီးနောက် မိုင်းတွင်းမှာ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး အစောပိုင်း ရုပ်အလောင်း ၁၄ လောင်းကို တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ယူကရိန်းနိုင်ငံရှိ မိုင်းတွင်းအများစုသည် ခေတ်မမီတော့သည့် စက်ကိရိယာများကို အသုံးပြုနေဆဲ ဖြစ်သလို ဘေးကင်းလုံခြုံရေး စည်းကမ်းများကို ဖောက်ဖျက်နေကြကြောင်း အဆိုပါ ဒေသဆိုင်ရာ ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။ 
ယူကရိန်းနိုင်ငံရှိ မိုင်းတွင်းများသည် ၎င်းတို့၏ ခေတ်နောက်ကျနေသော စက်ကိရိယာများ နှင့် မီသိန်းဓါတ်ငွေ့ပါဝင်မှု မြင့်တက်နေမှုကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးမိုင်းတွင်းများအနက် တစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။ 



သီဟ
Isee Media 

0 comments:

Post a Comment