Monday, April 29, 2019

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ


ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ယနေ့နံနက်ပိုင်းက AA အဖွဲ့ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါ နေရာအနီးတစ်ဝိုက်၌ AA အဖွဲ့က မိုင်းများ ထပ်မံထောင်ထားကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးစစ်ကြောင်းက မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် ရှင်းလင်းခဲ့ရာ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မဟာမုနိဘုရားကြီးလမ်းဆုံအနီး ကျောက်တော် - မြောက်ဦးကားလမ်း၏ ယာဘက် နှစ် ပေခန့်အကွာ၌ အချင်း ခြောက်လက်မ၊ အမြင့်ရှစ် လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း နှစ် လုံးအား လည်းကောင်း၊ အဆိုပါနေရာမှ မြောက်ဘက် မီတာ ၂၀ ခန့်အကွာ၌ အချင်း ခြောက်လက်မ၊ အမြင့် ရှစ် လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း တစ် လုံးအားလည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် ဘုရားဖူး လာခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး စနစ်တကျ သက်မဲ့ပြုလုပ် မိုင်းရှင်းလင်း ခဲ့ကြောင်း သိရသည်။ 
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြု သွားလာ လျက်ရှိသည့် လမ်းများ ပေါ်တွင် AA အဖွဲ့ မိုင်းထောင်သည့်အကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံးရှိပြီး တပ်မတော် လုံခြုံရေး စစ်ကြောင်းများက အများပြည်သူ အန္တရာယ် မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

Credit - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး 
The Ladies News

0 comments:

Post a Comment