Monday, April 29, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားနိုင်ငံတွင် ၃ ရက်ကြာချစ်ကြည်ရေးခရီးရောက်ရှိ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ ဧပြီ ၂၉ ရက်ကနေ မေ ၁ရက်အထိ ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကတဆင့် အထူးလေယာဉ်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မနေ့ညက ရောက်ရှိခဲ့တာဖြစ်ပြီး ညပိုင်းမှာ မြန်မာ သံရုံးဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ 

ခရီးစဉ်အတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နဲ့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးဖို့ရှိသလို၊ ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမိုနိနဲ့မိဖုရားတို့အပြင် အထက်နဲ့ အောက် လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီတွေ့ဆုံဖို့ ရှိနေပါတယ်။ 

ခရီးစဉ်အဆုံးမှာ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီး တည်ရှိရာ ယူနက်စကိုရဲ့ ရှေးဟောင်း အမွေအနှစ်ဒေသဖြစ်တဲ့ ဆီရမ်ယိကိုလည်း သွားရောက်ပြီး စေတီပုထိုးတွေကို ဖူးမြော်ဖို့ ရှိတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။ 






ဓာတ်ပုံ- State- Counsellor
DVB

0 comments:

Post a Comment