Monday, April 29, 2019

ဝီးဂါးတွေရဲ့ အခွင့်အရေး တရုတ်ကို ကုလ အကြီးအကဲ မေးမြန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂွတ်တားရက်ဇ် က တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ယင်ကျန်းပြည်နယ်က ဝီးဂါး မွတ်စလင် လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို မေးမြန်းခဲ့တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့ မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ဝီးဂါး မွတ်စလင် တစ်သန်းကျော်ကို ပြန်လည် လေ့ကျင့်ပညာပေးရေး စခန်းဆိုပြီး နာမည်တပ်ထားတဲ့ အကျဉ်းစခန်းတွေမှာထားပြီး နှိပ်စက်ညှဉ်းပမ်းမှုတွေလည်း ရှိနေတယ်လို့ သတင်း အကျယ်အပြန့် ထွက်ပေါ်နေပါတယ်။ 
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်စဉ်အတွင်း အတွင်းရေးမှူးချုပ် ဂွတ်တားရက်ဇ်ဟာ သမ္မတ ရှီကျင်းပင် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ကို သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ 

Photo: JASON LEE / POOL / AFP
RFA

0 comments:

Post a Comment