Monday, April 29, 2019

လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ဘတ်ဂျက်မဖြတ်ရန် ဝန်ကြီးဌာနတောင်းဆို မီးပြတ်ပါက အချိန်ပိုင်းအတွင်း ပြန်ရအောင်လုပ်ပေးရာတွင် အမေရိကန်၊ စင်ကာပူတို့ထက် သာလွန်ဟုပြော

လျှပ်စစ်မီး ပြတ် တောက်မှု မဖြစ်ပေါ်စေရေး ဝန် ကြီးဌာနက နှစ်စဉ်တောင်းခံသည့် ဘတ်ဂျက်အားလုံးကို ခွင့်ပြုပေးရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာထွန်းနိုင်က လွှတ် တော်တွင် တောင်းဆိုသည်။ 
ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ကျောက်တံတားမြို့နယ် အမတ်ဦးနေမျိုးထက်က နွေရာသီ အတွင်း မကြာခဏ လျှပ်စစ်ဓာတ် အား ပြတ်တောက်နေသည့် အ ခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြန်လည်ဖြေကြားစဉ် အထက် ပါအတိုင်း ပြောကြားခဲ့သည်။ 
‘‘ဝန်ကြီးဌာနအနေနဲ့ နှစ်စဉ် တင်ပြတောင်းခံတဲ့ ဘတ်ဂျက် ပမာဏများအားလုံးကို ခွင့်ပြုပေး ဖို့လည်း လိုအပ်ပါတယ်။ 
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကဏ္ဍဟာ အခုရေတွင်းတူး အခု ရေကြည်သောက်လို့ မရတဲ့ကိစ္စ ရပ်တွေဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။ 
မြန်မာနိုင်ငံ၏ လက်ရှိ လျှပ် စစ်ကဏ္ဍ အခြေအနေအရ ဝန် ကြီးဌာန၏ အစီအမံများအတွက် လိုအပ်ချက်အားလုံး ရရှိလျှင်ပင် ငါးနှစ်၊ ၁၀ နှစ်ခန့် ဆက်တိုက် အချိန်ယူကြိုးပမ်းဆောင်ရွက်မှ သာ ပြေလည်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆိုသည်။ 
လျှပ်စစ်ဓာတ်အားပေးစက် ရုံ တည်ဆောက်ရေး စီမံကိန်းများ သည် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် အချိန် ယူတည်ဆောက်ရခြင်းဖြစ်ပြီး စီမံ ကိန်းကာလအတွင်း တစ်နှစ်ဘတ်ဂျက်ဖြတ်တောက်ခံရပါက လုပ် ငန်းဆောင်ရွက်မှု တစ်နှစ်နောက် ကျမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။ 
မေးခွန်းမေးမြန်းသူ ဦးနေမျိုး ထက်က မြန်မာနိုင်ငံ၏ လျှပ်စစ် မီးပြတ်တောက်မှုအခြေအနေ သည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ ထက်ပင် ပိုမိုဆိုးရွားနေကြောင်း ဝေဖန်ပြီး ဒုဝန်ကြီးကမူ ယင်းနိုင်ငံ များ၏ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲခွင့်ရရှိမှု အခြေ အနေမတူညီခြင်းကိုလည်း ထည့်သွင်းစဉ်းစားရန် တုံ့ပြန်ဖြေရှင်း ခဲ့သည်။ 
ထို့အပြင် မြန်မာနိုင်ငံတွင် မီးပြတ်တောက်မှု မကြာခဏဖြစ် ပွားသော်လည်း လျှပ်စစ်ဓာတ် အား ပြန်လည်ဖြန့်ဖြူးပေးနိုင်မှု တွင် အမေရိကန်၊ စင်ကာပူ စသည့်နိုင်ငံများထက် ပိုမိုမြန် ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင် ကြောင်း ဒုဝန်ကြီး ဒေါက်တာထွန်း နိုင်က လွှတ်တော်၌ ပြောသည်။ 
‘‘စင်ကာပူနိုင်ငံမှာ လျှပ်စစ် ဓာတ်အား ပြတ်တောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့လို နာရီ ပိုင်းတောင် ပြန်မရဘဲနဲ့ ရက် တောင် ကြာပါတယ်။ အမေရိ ကန်နိုင်ငံမှာ ဓာတ်အားပြတ် တောက်သွားတဲ့အချိန်မှာ နှစ်ပတ် ကြာပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ လျှပ်စစ်ဓာတ်အားပြတ်ရင် မည်သည့်ရက်မဆို တစ်ရက်အ တွင်းမှာ နာရီပိုင်းအတွင်း ပြန်ရ အောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။ 
ထိုသို့ ပြောကြားမှုသည် ရယ်စရာဖြစ်နေပြီး အဓိပ္ပာယ်မရှိဟု မေးခွန်းရှင် ဒီချုပ်အမတ် ဦးနေမျိုးထက်က သတင်းထောက်အချို့ အား ပြောသည်။ ‘‘ဝန်ကြီးဌာန အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြဿနာတွေကို ဖြေရှင်းပါ။ ဖြေချပါ။ ဘတ်ဂျက်ကြီးပဲ တောင်းမနေပါ နဲ့ တခြားနည်းလမ်းတွေနဲ့ ပေါ်လ စီတွေ အသစ်ချမှတ်ပြီး နွေရာသီ ရောက်ရင် ဘယ်လိုလုပ်မယ်ဆို တာ ၂၀၂၀ အတွက် ကြိုတင်ပြင် ဆင်သင့်ပြီလို့ ပြောချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။ 
ပြီးခဲ့သည့် လေးနှစ်အတွင်း နွေရာသီကာလ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအခြေအနေ နှိုင်း ယှဉ်ချက်များအရ ယခုနှစ်တွင် ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်လာ သော်လည်း ရေအားလျှပ်စစ် ကဏ္ဍမှ ထုတ်လုပ်ရရှိမှု လျော့ကျ လာခြင်းနှင့် ဓာတ်အားလိုအပ် ချက် ပိုမိုမြင့်တက်လာခြင်းတို့ ကြောင့် လိုအပ်သည့် ပမာဏကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ဒေါက်တာထွန်းနိုင် က ပြောသည်။ 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၏ နှစ်စဉ် ဧပြီအတွင်း တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ် အားထုတ်လုပ်မှုသည် ၂၀၁၆ တွင် လျှပ်စစ်ယူနစ် ၁၄ သိန်း ကျော်၊ ၂၀၁၇ တွင် ယူနစ် ၁၅ သိန်းကျော်၊ ၂၀၁၈ တွင် ယူနစ် ၁၈ သိန်းခန့်၊ ၂၀၁၉ တွင် ယူနစ် သိန်း ၂၀ ကျော်အထိ ရှိသည်။ 
‘‘တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ဟာ ယခုထက် ပိုမိုမြင့်မားနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ မည်မျှပင် တိုးထုတ် နေသော်လည်း လိုအပ်ချက်ကို ပြည့်မီခြင်းမရှိရတာ ဖြစ်ပါတယ်’’ ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ဆိုသည်။ ထို့အပြင် တိုက်ပွဲ ဖြစ်စဉ်များ၊ သဘာဝဘေးအန္တ ရာယ်များနှင့် ပြည်သူအချို့၏ မဆင်မခြင်လုပ်ရပ်များကြောင့် ဓာတ်အားပေးလိုင်းများ ချွတ်ယွင်းမှု ဖြစ်ပေါ်ခြင်းကြောင့်လည်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ရသည်ဟု ဆိုသည်။ 
ထို့ကြောင့် ယခုနှစ် နွေရာသီ တွင် မျှတခွဲဝေသုံးစွဲသည့် အစီ အစဉ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးနေ ပြီး ဓာတ်အားပြတ်တောက်မှု အ နည်းဆုံးဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ 
လက်ရှိတွင် နိုင်ငံအတွင်း မြို့ကြီးများအပါအဝင် ဒေသအ များအပြား၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို အချိန်အကန့်အသတ် ဖြင့် ပေးဝေနေသည့် အခြေအနေ ရှိသည်။

7Day

0 comments:

Post a Comment