Tuesday, April 30, 2019

မေဂျာအချို့က အဝေးသင်ကျောင်းသားများ Assignment စာအုပ်စုံအောင် မရသေးဟုဆို


အ​ဝေးသင်​ပညာ​ရေးစနစ်​သင်​ကြား​နေကြတဲ့​ မေဂျာအချို့က ကျောင်းသား/သူအချို့အား အ​ဝေးသင်​စာစဉ်​Assignment စာအုပ်စုံအောင်မပေးနိုင်သေးကြောင်း အ​ရှေ့ပိုင်းတက္ကသိုလ်​(တာဝ)ရဲ့ တာဝန်​ရှိသူတစ်​ဦးက​ပြောပါတယ်​။ 
"တကယ်​​တော့ ပထမနှစ်​​တွေက​တော်​​တော်​များများရပါပြီ။ နောက်​ဆုံးနှစ်​နဲ့ တတိယနှစ်​​တွေက ​အောင်​စာရင်းထွက်​တာ​နောက်​ကျလို့ စာစဉ်​​တွေလုံလုံ​လောက်​​လောက်​မရှိတာပါ"လို့ အ​ရှေ့ပိုင်းတက္ကသိုလ်​(တာဝ)ရဲ့ တာဝန်​ရှိသူတစ်​ဦးက ရှင်းပြပါတယ်​။ 
လက်​ရှိမှာ ဒုတိယနှစ်​၊ တတိယနှစ်​နဲ့ ​နောက်​ဆုံးနှစ်​​တွေရဲ့ မေဂျာအချိုဟာ အ​ဝေးသင်​စာစဉ်​မရသေးတာနဲကြုံ​တွေ့​နေရပြီး ​ကျောင်းအပ်​လို့​ကတော့ရပြီဖြစ်​ပါတယ်​။ 
အ​ဝေးသင်​​နောက်​ဆုံးနှစ်​​ကျောင်းသားတစ်​ဦးက "ကျွန်​​တော်​ဆို သမိုင်း​မေဂျာပါ။ ကျောင်းအပ်​ဖို့အလုပ်​ကခွင့်​တစ်​ရက်​ယူရတယ်​။ ဟို​ရောက်​​တော့ ​ကျောင်းပဲအပ်​လို့ရပြီး စာစဉ်​ကမရ​သေး​တော့ နောက်တစ်​​ခေါက်​ထပ်​လာရဦးမယ်​။ သေချာလုပ်​​ပေးသင့်​တယ်​"လို့ ​ဝေဖန်​ခဲ့ပါတယ်​။ 
အခုမရသေးတဲ့ အ​ဝေးသင်​စာစဉ်​(Assignment စာအုပ်)​တွေကို ​မေလအတွင်းမှာ ထုတ်​ယူနိုင်​မှာဖြစ်​ပြီး စာစဉ်​တင်​မယ့်​ရက်​ကိုထိခိုက်​မှုမရှိနိုင်​တာ​ကြောင့်​​ ကျောင်းသား​တွေအ​နေနဲ့စိုးရိမ်​စရာမလိုဘူးလို့ အ​ရှေ့ပိုင်းတက္ကသိုလ်​(တာဝ)ရဲ့ တာဝန်​ရှိသူတစ်​ဦးက ရှင်းပြပါတယ်​။ 
အ​​ဝေးသင်​ပညာ​ရေးသင်​ကြား​နေကြတဲ့ ပထမနှစ်​ကျောင်းသား/သူ​တွေအတွက်​​ နောက်​ဆုံး​ကျောင်းအပ်​လက်​ခံရက်​ဟာ၂၀၁၉ ခုနှစ်၊ ဧပြီလ၂၄ရက်​​နေ့ဖြစ်​ပြီးဒုတိယနှစ်နဲ့ အထက်ကျောင်းသားတွေအတွက် နောက်ဆုံးကျောင်းအပ်လက်ခံရက်ကတော့ ၂၀၁၉ ခုနှစ်​​မေလ ၂၃ရက်​နေ့ဖြစ်​ပါတယ်​။ 
ပထမနှစ်သင်တန်းအတွက်​ အ​ဝေးသင်​စာစဉ်​ပထမနှစ်ဝက်(Assignment)တင်ရမယ့် နောက်ဆုံးရက်ဟာ ​မေလ၃၁ရက်​​နေ့ဖြစ်​ပြီး၊ ဒုတိယနှစ် နှင့် ဒုတိယနှစ်အထက် ပထမနှစ်ဝက် Assignment တင်ရမယ့် နောက်ဆုံးရက်ဟာ ဇွန်​လ၂၈ရက်​​နေ့ဖြစ်​​ကြောင်းသိရပါတယ်​။ 

သီဟ
Popular News Journal 

0 comments:

Post a Comment