Tuesday, April 30, 2019

ဗီယက်နမ် ငါးဖမ်းသင်္ဘောက အင်ဒိုနီးရှားရေတပ် ကင်းလှည့်သင်္ဘောကို ဝင်တိုက်


နာတူနာပင်လယ်ပြင်မှာ ဗီယက်နမ် ငါးဖမ်းသင်္ဘောတစီးဟာ ဧပြီ ၂၇ ရက်နေ့က အင်ဒိုနီးရှားရေတပ်ရဲ့ ကင်းလှည့်သင်္ဘောတစီးကို ဝင်တိုက်ခဲ့ပါတယ်။ 
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗီယက်နမ်ငါးဖမ်းသမား ၁၂ ယောက်ကို ဖမ်းထားတယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောပါတယ်။ 

ဗီယက်နမ် ငါးဖမ်းသင်္ဘောက အင်ဒိုနီးရှား ကမ်းခြေစောင့်သင်္ဘောကို ဝင်တိုက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အင်ဒိုနီးရှားရေတပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။ 

ရုပ်သံထဲမှာ အင်ဒိုနီးရှား စစ်သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေက ခွေးတွေ ဝက်တွေ သွားသေ စတဲ့ စော်ကားပြောဆိုသံတွေကို ကြားနေရပြီး ဆဲရေးတဲ့ လက်ဟန်သင်္ကေတ လုပ်ပြခဲ့တာကိုလည်း မြင်ရပါတယ်။ 

ဗီယက်နမ်ငါးဖမ်းသမားတွေကတော့ သူတို့ရဲ့ ရေပိုင်နက်ထဲမှာ ငါးဖမ်းနေတာလို့ ခုခံပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိမှာ သူတို့ကို နာတူနာကျွန်းပေါ်က ရာနီယာမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောပါတယ်။ 

DVB

0 comments:

Post a Comment